TNLA တပ်ဖွဲ့ဝင် ၄ ဦး ဖမ်းမိကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့ပြီး၊ မဟုတ်ကြောင်း TNLA က ငြင်းဆိုထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

TNLA တပ်ဖွဲ့ဝင် ၄ ဦး ဖမ်းမိကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့ပြီး၊ မဟုတ်ကြောင်း TNLA က ငြင်းဆိုထား

မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်း၌ မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် စစ်ကြောင်းများ၏ သွားလာမှုအား လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင် ရိုက်ကူးနေသည့် အမျိုးသမီးတစ်ဦးနှင့် TNLA တပ်ဖွဲ့ဝင် ၄ ဦးကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်ပိုင် မြဝတီသတင်းစာတွင် ဖော်ပြခဲ့မှုအရ ဖမ်းဆီးခံရသူများအား စိစစ်ရာတွင် TNLA တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဒေသခံများအား စွပ်စွဲဖမ်းဆီး ခေါ်ဆောင်သွားခြင်းသာ ဖြစ်သည်ဟု TNLA အဖွဲ့က ကြေညာချက် ထုတ်ပြန်ကာ ငြင်းဆိုခဲ့သည်။
.

တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ အကြမ်းဖက် သောင်းကျန်းသူ တစ်ဦးနှင့်အတူ ပန်းတင်ကျေးရွာရှိ တိုက်နယ်မှူး အဆင့်ရှိသော တာလူးဆန်း၏ နေအိမ်အတွင်းနှင့် ကျေးရွာအတွင်းမှ အေကေ-၄၇ သေနတ် ၅ လက်၊ အမ်-၂၂ သေနတ် ၂၈ လက်၊ ကေအို-၉ သေနတ် ၄ လက်၊ ကာဘိုင်သေနတ် တစ်လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၃၈ လက်၊ အမ်-၂၂ ကျည်အိမ် ၅ ခု၊ အမ်-၂၂ ကျည် ၈ဝ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ TNLA ဘက် တံဆိပ်ပါ ယူနီဖောင်း၈ စုံ၊ ကျည်ကာဦးထုပ် တစ်လုံး၊ ဒီတိုနေတာ ၅ ချောင်း၊ ဝိုင်ယာကြိုး နီ/နက် ၃ဝ ကိုက်ခန့်နှင့် ယမ်းမှုန့် ၁ ပိဿာခန့်တို့အား သိမ်းဆည်း ရမိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
.
TNLA အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ မတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တပ်မတော်ဘက်မှ အထိအခိုက် များပြားခဲ့သဖြင့် ပန်းတင်ကျေးရွာသို့ ရောက်လာပြီး ရွာအတွင်းရှိ လူ ၄ ဦးကို ဖမ်းဆီးပြီး မိုးမိတ်မြို့သို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Journal Download

Photo of three cats