ထိုင်းအစိုးရမှ ကိုရိုနာနှင့် ပတ်သက်၍ ၁၈ နိုင်ငံကို ဗီဇာပိတ်သိမ်း - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

ထိုင်းအစိုးရမှ ကိုရိုနာနှင့် ပတ်သက်၍ ၁၈ နိုင်ငံကို ဗီဇာပိတ်သိမ်း


မင်းဇော်မင်း
.
ကမ္ဘာတစ်ဝှမ်း ကူးစက်ပြန့်နှံ့လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် COVID-19 နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အစိုးရအနေဖြင့် မတ်လ ၁၁ ရက်မှ စတင်ကာ ကမ္ဘာနိုင်ငံပေါင်း ၁၈ နိုင်ငံ၏ ဆိုက်ရောက်ဗီဇာမာျးကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်းဝန်ကြီး Anupong Paojinda က ပြောဆိုခဲ့သည်ဟု သိရသည်။
.
 
.
ယင်းကဲ့သို့ ဆိုက်ရောက်ဗီဇာ ပိတ်သိမ်းလိုက်သည့် နိုင်ငံများမှာ ဘူဂေးလ်ရီးယား၊ ဘူတန်၊ ထိုင်ဝမ်တရုတ်  ဆိုက်ပရပ်စ်၊ ဖီဂျီ၊ ဂျော်ဂျီယာ၊ အီသီယိုပီးယား၊  အိန္ဒိယ၊ ကာဇက်စတန်၊ မော်လ်တာ၊ မက်စီကို၊ နော်ရူး၊ ပါပူအာ နယူးဂိနိ၊ ရိုမေးရီးယား၊ ရုရှ၊ ဆော်ဒီအာရေဗီးယား၊ အူဇဘက် ကင်စတန်၊ ဗင်နတူ နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ နိုင်ငံများမှ ရောက်ရှိပြီးဖြစ်သည့် ခရီးသွားများအနေဖြင့် ၎င်းတို့၏ ပတ်စ်ပို့နှင့် အတူ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနများသို့ သတင်းပို့ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ယင်းနိုင်ငံများကို ကိုရိုနာဗိုင်းရပ်စ် CoviD-19 ကူးစက်ရောဂါ ထိန်းချုပ်သည့်အနေဖြင့် ပိတ်ရခြင်းဖြစ်ကြောင်းနှင့် တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် အီတလီ တို့ကိုလည်း ခွင့်ပြုချက်မှ ပယ်ဖျက်ပြီးဖြစ်သည်ဟု ဝန်ကြီးက ပြောသည်ဟု  သိရသည်။
.
ထိုင်းနိုင်ငံတွင် ယနေ့ မတ်လ ၁၂ ရက်၊ နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပစ် COVID-19 ကူးစက်ခံရသူ ၅၉ ဦး၊ သေဆုံးသူ ၁ ဦးနှင့် ပြန်လည်သက်သာလာသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)