တောင်ကြီးမြို့တွင် သောက်ရေသန့်ဘူးများ ဈေးတင် ရောင်းချလာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် သောက်ရေသန့်ဘူးများ ဈေးတင် ရောင်းချလာနေ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့တွင် ပြီးခဲ့သည့် မတ်လ ၇ ရက် မှ စတင်၍ သောက်ရေသန့်ဘူး များ ဈေးတင်ရောင်းချမှုကြောင့် သုံး စွဲသူများအကြား ဝေဖန်မှုများ ရှိနေ ကြောင်း သိရသည်။
.
 
.
“နွေရာသီ ရောက်မယ် မကြံ သေးဘူး။ ရေသန့်က စျေးတန်းတက် တော့တာပဲ ပြီးတော့လိုလို့မှာရင် မ နည်း စောင့်ရတယ်။ တော်တော်နဲ့ မရဘူး။ မလိုတဲ့ မိုးတွင်းတုန်းကဆို ရင်တော့ ဖားတွေလို အိမ်ရှေ့မှာ နေ့တိုင်း လာအော်နေတာပဲ” ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ သောက်ရေသန့် လုပ်ငန်းရှင်တစ်ဦးက “ကုန်ကျစရိတ် တွေ၊ မီတာခတွေ အကုန်လုံး တက် လာတော့ တက်ကြတာပါ။ ကုန်ကျ စရိတ်နဲ့ဆိုတော့ တစ်ဘူးကို ၆၀၀ ရောင်းမှ အဆင်ပြေမှာဖြစ်လို့ ရောင်း ချတာပါ” ဟု ပြောဆိုခဲ့သည်။
.
ယခင်နှစ်များက မီတာခတစ်လ လျှင် ကျပ် ၁၂ သိန်းခန့်သာ ပေး ဆောင်ခဲ့ရသော်လည်း ယခုနှစ်တွင် သိန်း ၃၀ ကျော်ခန့် ပေးဆောင်နေ ရပြီး အခြား အထွေထွေကုန်ကျစ ရိတ်များလည်း မြင့်တက်လာခြင်းဖြစ် ကာ လက်ရှိတွင် စက်သုံးဆီစျေး အ နည်းငယ် ကျဆင်းနေသည့်အပြင် လျှပ်စစ်မီး ပုံမှန်ရရှိနေသည့်အတွက် ဈေးနှုန်းအနည်းငယ်သာ တိုးမြှင့်ရ ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုခဲ့သည်။
.
“မီးပြတ်တာ များလာမယ်၊ အ ခွန်တွေလည်း တက်လာမယ်။ ကုန် ကြမ်းစျေးတွေလည်း တက်လာမယ် ဆိုရင်တော့ တတ်နိုင်သမျှ တောင့် ခံထားရမှာပဲ။ မတတ်နိုင်တော့ရင် တော့ ဒီထက်ထပ်တက်သင့် ရင် တက်ရမှာပေါ့”ဟု ရေသန့် လုပ်ငန်း ရှင် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ဆိုလာ၊ ချန်ပီယံ၊ ရှမ်းရိုးမ၊ ဇာမဏီ စသည့် သောက်ရေသန့် လုပ်ငန်း ၁၀ ခုခန့် တည်ရှိပြီး ယခု စျေးနှုန်းတိုးမြှင့် ကောက်ခံခြင်းကို သောက်ရေသန့် လုပ်ငန်းအားလုံး ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း မြို့ ၄ မြို့ ၊ ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေး ရွာ အုပ်စု ၂၄ အုပ်စု ရှိပြီးမြို့နယ် လူဦးရေ စုစုပေါင်း ၃၈၉၁၉၁ ဦး ရှိကာမြို့နယ်လူဦးရေ၏ ၃၅ ဒသမ ၂၂ ရာခိုင်နှုန်း ဖြစ်သော ၁၃၇၀၆၈ ဦးမှာ တောင်ကြီးမြို့ပေါ် ၂၂ ရပ် ကွက်တွင်နေထိုင်ကြခြင်း ဖြစ် ကြောင်း အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အ လက်များအရ သိရသည်။
.

Journal Download

Photo of three cats