တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းနှင့် တောင်ကျောင်းလမ်းဆုံအား ချဲ့ထွင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းနှင့် တောင်ကျောင်းလမ်းဆုံအား ချဲ့ထွင်မည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ အနောက်မြို့ပတ်လမ်းနှင့် တောင်ကျောင်းလမ်းဆုံရာ နေရာ သည် အကွေ့တက် ဖြစ်ပြီး လမ်းနယ် ကျဉ်းမြောင်းသည့်အတွက် လမ်းချဲ့ ထွင် အဆင့်မြှင့်တင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက် အတွင်းရှိ တောင်ကျောင်းလမ်းအား ကျောက်ထပ်ကတ္တရာ ခင်းခြင်းနှင့် လမ်းနယ် ချဲ့ထွင်ခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် တောင် ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ၁၂ လ ဘတ်ဂျက်ဖြင့် တင် ဒါခေါ်ယူ ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦး အေးကိုအား ကမ္ဘောဇတိုင်းမှဆက် သွယ်မေးမြန်းရာတွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသား တင်ပြထားပြီးဖြစ်ကြောင်းသာ ပြန် လည် ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာနမှ အဆိုပါ တောင် ကျောင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအပါအဝင် လုပ်ငန်း ၃၂ ခု အတွက် ကုမ္ပဏီများအား တင်ဒါခေါ် ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်ရေး အ တွက် အပိုင်း ၃ ပိုင်းခွဲ၍ ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ယင်း တောင်ကျောင်းလမ်းဆုံမှာ လက်ရှိ ဆောင်ရွက်နေသည့် အပိုင်း (၂) အတွင်း ပါဝင်နေပြီး ကျန်အပိုင်း (၃) ဖြစ်သော ဝါးပြားလမ်းဆုံမှ တက္က သိုလ်လမ်းဆုံအထိ အပိုင်းကိုလာ မည့်ဘဏ္ဍာရေးနှစ်များတွင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
တောင်ကြီးမြို့ရှိ အဓိကလမ်းမ ကြီး ၃ ခုဖြစ်သော ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်း၊ အ နောက်မြို့ပတ်လမ်းများအနက် အ နောက်မြို့ပတ်လမ်းသည် ကုန်တင် ယာဉ်ကြီးများ၊ တွဲယာဉ်များ ဖြတ် သန်းမောင်းနှင်ရာ လမ်းဖြစ်ပြီး တစ် နှစ်ထက်တစ်နှစ် လူဦးရေ ထူထပ် များပြားလာခြင်းကြောင့် အိမ်စီးမော် တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် အမြဲပြည့်ကြပ်နေကာ လမ်းနယ်ပေါ် တွင် စီးပွားရေး လုပ်ငန်းများ လုပ် ကိုင်နေခြင်းကြောင့် ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
.

Journal Download

Photo of three cats