တောင်ကြီးမြို့၊ တောင်ချွန်းအတက်လမ်းတွင် ဘုရားဖူးသွားသည့် ကိုရင်ငယ်များ လက်ကိုင်ဖုန်း လုယက်ခံရ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 1, 2020

တောင်ကြီးမြို့၊ တောင်ချွန်းအတက်လမ်းတွင် ဘုရားဖူးသွားသည့် ကိုရင်ငယ်များ လက်ကိုင်ဖုန်း လုယက်ခံရ


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ တောင်ချွန်းအတက်လမ်းတွင် မတ်လ ၁ ရက် နေ့လယ်ပိုင်းက ဘုရားဖူးသွား သည့် ကိုရင်ငယ်များအား လက်ကိုင်ဖုန်း လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ ကုန်းသာပရိယတ္တိစာသင်တိုက်မှ ကိုရင်ယ် ၆ ပါးနှင့် ကျောင်းသားတစ်ဦးတို့သည် တောင်ပေါ်ရှိ ရွှေမုဋ္ဌောစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော်တို့တွင် ဘုရားဖူးပြီးနောက် တောင်ချွန်းပေါ်ရှိ မင်္ဂလာ တောင်ချွန်းစေတီသို့ ဘုရားဖူးရန် သွားရောက်စဉ် လမ်းတွင် အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးမှ ခြိမ်းခြောက် လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ကိုရင်တို့ကိုတွေ့တော့ တောင်အောက်မှာ ရဲတွေရှိလားလို့ မေးတယ်။ မရှိဘူးပြောတော့ သူက အရင်ဆုံး လေးခွနဲ့ ထုတ်ချိန်ပြီး ခြိမ်းခြောက်တယ်။ ကိုရင်တို့က ထွက်ပြေးမယ်လုပ်တော့ သူက ဓါးကိုထုတ်ပြီး ကိုရင်တို့ဆီက ငွေနဲ့ ဖုန်း တောင်းတယ်။ ပိုက်ဆံမပါတော့ ဖုန်းတွေထုတ်ပြီး ပေးခဲ့ရတယ်” ဟု လုယက်ခံရသူ ကိုရင်က ကမ္ဘောဇတိုင်းသို့ မိန့်သည်။
.
“တောင်ပေါ်မှာ လုယက်မှုတွေဖြစ်တာကို ဦးဇင်းတို့လည်း မကြာခဏ ကြားနေရတယ်။ အခုကျောင်းက ကိုရင်လေး တွေက ဘုရားဖူးသွားကြတာ။ ရွှေဘုန်းပွင့်တောင်ကြောက တောင်ကြီးမြို့ရဲ့ အထင်ကရနေရာဖြစ်နေတော့ ဒီလိုကိစ္စ တွေက မြို့သိက္ခာကျအောင် လုပ်သလို ဖြစ်နေတဲ့အတွက် ကြပ်မတ်သင့်ပါတယ်” ဟု ကုန်းသာပရိယတ္တိစာသင်တိုက် တွင် သီတင်းသုံးနေထိုင်သည့် သံဃာတစ်ပါးကလည်း မိန့်ကြားခဲ့သည်။
.
အဆိုပါ တောင်ကြီးမြို့ အရှေ့ဘက်တောင်ကြောတစ်လျှောက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ခိုအောင်းတတ်လေ့ရှိပြီး ယင်းကဲ့သို့ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သင့်ကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)