တောင်ကြီးတွင် နွေရာသီ အားလပ်ရပ် မြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 8, 2020

တောင်ကြီးတွင် နွေရာသီ အားလပ်ရပ် မြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်မည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံတွင် မတ်လ ၁၀ ရက်မှ စတင်၍ နွေရာသီအားလပ်ရက် မြန် မာ့သိုင်းသင်တန်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
 
.
နွေရာသီသင်တန်းလေးပါ။ အသက်အရွယ်တော့ မကန့်သတ် ထားပါဘူး။ ဖြစ်နိုင်ရင် ၇ နှစ်၊ ၈ နှစ် လောက်ပေါ့။ ၅ နှစ်၊ ၆ နှစ်ကိုလည်း လက်ခံပေးတယ်။ ကလေးတွေ စိတ် ဝင်စားအောင် သူတို့အဆင်ပြေ အောင်ပေါ့”ဟု မြန်မာ့သိုင်း တောင် ကြီးမြို့နယ် မြန်မာ့သိုင်း ကော်မတီ ဥက္ကဋ္ဌ ဦးစောမင်းအောင်က ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး အသက်အရွယ် ကန့်သတ်ထားခြင်း မရှိဘဲ နေ့စဉ်ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ညနေ ၄ နာရီမှ ၆ နာရီအထိ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာသိုင်းပညာသည် ၁၈၂၄ ခုနှစ်မှ စတင်၍ ဖြစ်ပွားခဲ့သည့် နယ် ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်စစ် ၃ ကြိမ်ကြောင့် ဓါး၊ လှံ လက်နက်ကိုင် စွဲတော်လှန်ရင်း တိမ်မြုပ်ပျောက် ကွယ်လုဖြစ်နေသော မြန်မာ့သိုင်း ပညာရပ်ကို ၁၉၂၀ ပြည့်နှစ်၊ ဂျီစီ ဘီအေ အဆောက်အဦ၏ အမျိုးသား လှုပ်ရှားမှုများတွင် သိုင်းပညာရှင် ရှမ်းတရုတ် ဦးဘရင်၊ ဦးဘသွင်၊ ဦး မေဓါတို့က တစ်ဖက်တစ်လမ်းမှပါ ဝင်ရင်း သိုင်းပညာရပ်များ ပြန့်ပွား ခြင်းဖြင့် လုပ်ငန်းများ ပြန်လည် စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
.
ထို့နောက် ၁၃ဝဝ ပြည့်နှစ် တောင်သူလယ်သမား အရေးတော် ပုံမှစ၍ သိုင်းပညာရှင်များ၏ ပါဝင် ကြိုးစားမှုကြောင့် ဇာတိမာန် ထက် သန်သော ပြည်သူများအကြားတွင် သိုင်းပညာရပ်များ ပြန်လည်ထင်ရှား လာခဲ့ပြီး ယခုအခါတွင် မြန်မာ့သိုင်း ပညာရပ်ကို လာရောက်လေ့လာ သော ပြည်ပဧည့်သည်များ ရှိလာနေ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)