တောင်ကြီးတွင် ယာဉ်လမ်းအန္တရာယ် လုံခြုံရေးအတွက် အသိပညာပေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, March 2, 2020

တောင်ကြီးတွင် ယာဉ်လမ်းအန္တရာယ် လုံခြုံရေးအတွက် အသိပညာပေး


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ Taunggyi City ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ယာဉ်လမ်း အန္တရာယ် လုံခြုံရေးနှင့် ပြည်သူအချင်းချင်း ပြန်လည်မျှဝေနိုင်ရေးအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာ ပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ ဆွေးနွေးပွဲကို အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) နှင့် ကမ်းလက်မေတ္တာ အဖွဲ့ အစည်းတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး Commnunity Paiticipation and Government Collaboration in Road Safety in Taunggyi စီမံကိန်းအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရေးရေး ဆွေးနွေးမှုများကို ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
“ပြည်သူတွေ သိသွားဖို့အတွက် ရည်ရွယ်ပါတယ်။ ယာဉ်လမ်းအန္တရာယ် လုံခြုံရေးနဲ့ ပတ်သက်ပြီဂ ပြည်သူတွေ အနေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အရာ၊ ရှောင်ရှားရမယ့်အရာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဥပဒေဘက်ကလည်း ပါ ပါ တယ်။ ကညန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေလည်း ပါတယ်။ ပြည်သူတွေအနေနဲ့ ဥပဒေကို နားမလည်ရင် လိုက်နာဖို့ မသိဘူး။ ဥပဒေရဲ့ အကာအကွယ် ရယူနိုင်မယ့် အရာတွေကို သိစေချင်တာကြောင့် ဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်ပါ တယ်” ဟု ကမ်းလက်မေတ္တာအဖွဲ့အစည်းမှ ဦးဆောင်သူ ဒေါ်ကိန္နရီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) မှ ဒုရဲမှူး အောင်နိုင်မိုးကလည်း “ပြည်သူ တွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက် သိရှိသွားပြီး ကျန်တဲ့သူ တွေကို လက်ဆင့်ကမ်းပြန်လည်မျှဝေနိုင်အောင်၊ နောက်ပြည်သူတွေကနေ ပြည်သူတွေဆီကို အရောက်သွားနိုင်အောင် ရည်ရွယ်ပြီး ဆွေးနွေးပွဲကို လုပ်တာပါ” ဟု ပြောဆိုခဲ့သည်။
.
ဆွေးနွေးပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လာရောက်ဆွေးနွေးခဲ့ပြီး လမ်းအမှတ်အသား များကို သိရှိစေရန်၊ လိုက်နာဆောင်ရွက်ရမည့် အရာများနှင့် ပြည်သူများ လေ့လာနိုင်သော အတိုင်းအတာများကို သိရှိ စေရန် ရည်ရွယ်ဆွေးနွေးခဲ့သည်ဟု သိရသည်။
.
“ကိုယ်ကို ဉာဏ်စောင့်ပါတယ်။ တကယ်လို့များ ထိခိုက်ဒဏ်ရာရသွားမယ်ဆိုရင် အကျိုးတွေကလည်း ရောက် သင့်သလောက် မရောက်ဘဲ ကြန့်ကြာသွားမယ့် အခြေအနေမျိုးတွေ ရှိတာကြောင့် အန္တရာယ်ကင်းရှင်းရေးက အဓိက ကျပါတယ်။ အသက်အပိုတစ်ချောင်း မပါတာမို့ ဉာဏ်လေးနဲ့စောင့်ပြီး လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ ပြောချင်ပါတယ်” ဟု ဒေါ်ကိန္နရီကျော်က ဆက်လက်ပြောဆိုခဲ့သည်။
.
ကမ်းလက်မေတ္တာ အဖွဲ့အစည်းအနေဖြင့် ယင်းဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ် ခြင်းဖြစ်ပြီး လာမည့် မတ်လ ၂၂ ရက်တွင်လည်း အသိပညာပေး ကမ်းပိန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)