တောင်ကြီးတွင် ၇၁ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အလှူပဒေသာပင် လှည့်လည်ပူဇော် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, March 9, 2020

တောင်ကြီးတွင် ၇၁ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အလှူပဒေသာပင် လှည့်လည်ပူဇော်


စိုင်းအောင်မြတ် (တောင်ကြီး)
.
၇၁ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဒဲဉ်သီးလာဗွေ တပေါင်းပွဲတော် အထိမ်းအမှတ် အလှူပဒေသာပင် လှည့်လည် ပူဇော်ပွဲကို မတ်လ ၈ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ  ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
ထိုသို့ လှည့်လည်ပူဇော်ရာတွင် ညောင်ဖြူစခန်းရပ်ကွက်ရှိ ညောင်ပင်သာစုရပ်မှ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ပထမ တောင်ကျောင်ကြီးစာသင်တိုက်သို့ ပဒေသာပင် ၄၀ ကျော်ကို အိုးစည်ဗုံမောင်းများ၊ အကအခုန်များဖြင့် လှည့် လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပဒေသာပင်များကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်၊ ကျေးရွာများမှ စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း ငွေသား ၅၆ သိန်းခန့်နှင့် ပစ္စည်းတန်ဖိုး သိန်း ၂၀ ကျော် ရရှိခဲ့ပြီး အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ပထမတောင်ကျောင်းကြီးကျောင်းတိုက်နှင့် ပင့်သံဃာကျောင်းတိုက်များသို့ ခွဲဝေလှူဒါန်းခဲ့ကြကြောင်း တာဝန် ရှိသူ တစ်ဦးထံက သိရသည်။
.
ထို့နောက် တောင်ကျောင်းကြီးစာသင်တိုက်နှင့် ပင့်သံဃာတော်ပေါင်း ၃၀၀ ကျော်ကို နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်းပြီး စာအောင်သံဃာ ၈၄ ပါး၊ စာအောင်သီလရှင် ၂၇ ပါး၊ စုစုပေါင်း ၁၁၁ ပါးနှင့် စာပေထူးချွန်ဆုရှင် တောင်ကြီးမြို့ နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ မောင်ခွန်နွယ် (အင်းလေး) တို့အား ဂုဏ်ပြုလွှာနှင့် ဝတ္ထုငွေ၊ ချီးမြှင့်ငွေများ လှူ ဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)