စဝ်စံထွန်းဆေးရုံအတွက် လိုအပ်နေသော လူနာကုတင် ၁၀ လုံးကို ခိုင်မေတ္တာဆေးရုံမှ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စဝ်စံထွန်းဆေးရုံအတွက် လိုအပ်နေသော လူနာကုတင် ၁၀ လုံးကို ခိုင်မေတ္တာဆေးရုံမှ လှူဒါန်း


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးအတွက် လိုအပ်သော လူနာကုတင် အလုံး ၁၀၀ အနက် ၁၀ လုံကို မတ်လ ၂၀ ရက်က ခိုင်မေတ္တာဆေးရုံမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
 
.
“စဝ်စံထွန်းဆေးရုံမှာ လိုအပ်နေတဲ့ ကုတင် ၁၀၀ ထဲက ၁၀ လုံးကို လှူဒါန်းတာပါ။ အသက်ရှူစက်၊ အောက်စီ ဂျင်ပေးတာလည်း လှူဒါန်းပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့၊ ပြည်သူလူထုနဲ့ တစ်သားတည်းဖြစ်အောင် ပုဂ္ဂလိကဆေးရုံတစ်ခုအနေနဲ့ ပူးပေါင်းပါဝင် လှူဒါန်းတာပါ” ဟု တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ကေသီအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ  လှူဒါန်းခဲ့သည့် လူနာကုတင်များမှာ တန်ဖိုး ၁၅ သိန်းကျပ်ဖြစ်ပြီး အသက်ရှူစက်တန်ဖိုးသည် ၇၇၀၀၀၀ ကျပ်ဖြစ်ကာ မတ်လ ၂၃ ရက်တွင်လည်း တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ အသက်ရှူစက် တစ်လုံး လှူဒါန်းခဲ့သည်ဟု သိရသည်။
.
ထို့အတူ အခြား အလှူရှင်များကလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကြိုတင်ပြင်ဆင်မှုများ အတွက် အသုံးပြုရန် အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ခိုင်မေတ္တာဆေးရုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ကေသီအောင်သည် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော သုဓမ္မသိင်္ဂီ ဆုကို ရရှိထားပြီး ၂၀၁၉ ခုနှစ်တွင်လည်း ပရဟိတ လူမှုထူးချွန်စံပြဆု ရရှိထားကြောင်း သိရသည်။
.

Journal Download

Photo of three cats