ကူးစက်ရောဂါများ ကုသရန်အတွက် တောင်ကြီးမြို့တွင် ဆေးရုံ တစ်ခု တည်ဆောက်သွားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

ကူးစက်ရောဂါများ ကုသရန်အတွက် တောင်ကြီးမြို့တွင် ဆေးရုံ တစ်ခု တည်ဆောက်သွားမည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့တွင် ကူးစက်ရောဂါ လူနာ များအား ကုသနိုင်ရန်အတွက် ဆေး ရုံ တစ်ရုံ သီးခြားတည်ဆောက်သွား မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုး ရအဖွဲ့ထံက သိရသည်။
.
 
.
ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံများနှင့် နယ် နိမိတ်ချင်း ထိစပ်နေသော ပြည်နယ် တစ်ခုဖြစ်ပြီး ကျန်းမာရေးကိစ္စများ တွင် ရေရှည် အသုံးပြုသွားနိုင်ရန် နှင့် ကူးစက်ရောဂါများ ကုသနိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကူးစက်ရောဂါတွေ ကုသဖို့ ရှမ်းပြည်နယ်မှာ လိုအပ်တယ်လို့ ရှမ်း ပြည်နယ်အစိုးရက ဆုံးဖြတ်တယ်။ ကူးစက်ရောဂါတွေ ဖြစ်လာရင် လက်ရှိ ရှမ်းပြည်နယ်မှာရှိတဲ့ တချို့ ဆေးရုံတွေက အကာအရံတောင် မရှိဘူး။ ရှမ်းပြည်နယ်မှာ ကိုရိုနာဗိုင်း ရပ်စ်တင်မကဘူး တခြားကူးစက် ရောဂါတွေကိုပါ ကုသလို့ ရအောင် တည်ဆောက်သွားမှာပါ” ဟု ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဆေးရုံအား တောင် ကြီးမြို့ အနီးဝန်းကျင်ရှိ ဧရိယာ ဧက ၂၀ ကျယ်သည့် မြေကွက်ပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး နေရာ အတိအကျအား သတ်မှတ်ရ ခြင်း မရှိသေးကြောင်း သိရသည်။
.
ယင်းကဲ့သို့ တောင်ကြီးတွင် ကူး စက်ရောဂါကုဆေးရုံ တည်ဆောက် မည့် အစီအစဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ တင်ပြခဲ့ရာ ပြည်ထောင်စုဝန် ကြီးက သဘောတူခွင့် ပြုခဲ့ပြီး ဖြစ် ကြောင်းလည်း သိရသည်။
.
“ပထမဆုံး ရှမ်းတောင်မှာ တည် ဆောက်ဖို့ ဆုံးဖြတ်ထားတယ်။ ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကို တင်ပြတဲ့အခါ မူအားဖြင့် သဘော တူတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တ ခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ကူးစက်ရောဂါကုဆေးရုံတွေ ပေါ် လာလိမ့်မယ်လို့ လမ်းညွှန်တယ်။ ရှမ်း အစိုးရရဲ့ ကက်ဘိနက် ဆုံးဖြတ်ချက် အရ မြေနေရာ ရှာနေပါတယ်” ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ဆက်လက်ပြောဆိုခဲ့သည်။
.
ဆေးရုံ တည်ဆောက်နိုင်ရန် အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် လျာထားဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်အစိုးရမှ ပြည်ထောင် စုအစိုးရထံ တင်ပြထားကြောင်း သိ ရသည်။
.
ထို့အတူ လာမည့် ဘဏ္ဍာရေး နှစ်များတွင် ရှမ်းပြည်နယ်မြောက် ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့၌လည်း ကူးစက် ရောဂါကုဆေးရုံများ တည် ဆောက်ပေးသွားရန် ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)