တောင်ကြီးမြို့ပေါ်ရှိ ဘာသာရေးအဆောက်အဦများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ လိုက်လံကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ ဘာသာရေးအဆောက်အဦများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ လိုက်လံကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့ မတ်လ ၂၂ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့ ပေါ်ရှိ ဘာသာရေးအဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.

.
“ရှမ်းပြည်နယ်အစိုးရအနေနဲ့ ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စုသားတွေ အားလုံး၊ ကမ္ဘာသူ/ကမ္ဘာသားတွေအားလုံး၊ ကပ်ကြီး သုံးပါးကို ကျော်လွှားနိုင်ဖို့ အခု ကျရောက်ဆဲ ဖြစ်တဲ့ ရောဂါများကို ကျော်နိုင် နင်းနိုင်ဖို့အတွက် ဘာသာကြီး လေးမျိုးမှာရှိတဲ့ ဘာသာဝင်တွေကို စုပေါင်းပြီးတော့ ဆုတောင်းကြတဲ့ အခမ်းအနားတွေကို ပြုလုပ်ကြပါတယ်။ အားလုံးသော ဘာသာဝင်တွေနဲ့ တစ်စိတ်ထဲ တစ်ဝမ်းထဲ တစ်ညီတစ်ညွတ်တည်း ရှိတယ်ဆိုတာကို ပြသဖို့အတွက် ရှမ်းအစိုးရနဲ့ လွှတ်တော်ဥက္ကဌတို့က လိုက်လံ အားပေးခြင်း ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ လိုက်လံကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ စန္ဒီမယ်တော်ဘုရားကျောင်း၊ ဆစ်ခ်ဘုရားရှိခိုးကျောင်း မြို့လယ်စွန္နီဂျာမေ့ဗလီ တောင်ဗလီ၊ ပန်းသေးဗလီ၊ မြို့ဦးဗလီ၊ ရိုမန်ကသစ်စိန့်ဂျိုးဇက်ဘုရားကျောင်းများသို့ သွားရောက်၍ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats