ရှမ်းပြည်နယ်အစိုးရ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

ရှမ်းပြည်နယ်အစိုးရ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ် တာ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်း လင်းပွဲကို မြို့တော်တောင်ကြီးတွင် ကျင်းပပြုလုပ်သွားရန် ရှိနေပြီး ပြု လုပ်မည့် နေ့ရက်နှင့် နေရာကိုမူ အ တိအကျ သတ်မှတ်နိုင်ရေး ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
စတုတ္ထ တစ်နှစ်တာ သတင်း စာ ရှင်းလင်းပွဲ လုပ်မှာပါ။ အရင်နှစ် က တောင်ကြီးမြို့တော်ခန်းမမှာ သတင်းမီဒီယာ တွေနဲ့ တွေ့ဆုံပွဲ လုပ်ခဲ့ ပါတယ်။ ပြည်သူ့အတွက် ဆောင် ရွက်ခဲ့တဲ့၊ လျှောက်လှမ်းခဲ့တဲ့ တစ် နှစ်စာခရီးကို ရှင်းပြခဲ့ပါတယ်။ ၄ နှစ်ပြည့်ရင်လည်း လုပ်ဖို့အစီအစဉ် ရှိပါတယ်”ဟု ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ရှမ်းပြည်နယ်အစိုးရအ ဖွဲ့၏ တတိယတစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များ သတင်းစာရှင်း လင်းပွဲကို တောင်ကြီးမြို့၊ မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့ပြီး တက်ရောက် လာသည့် သတင်းမီဒီယာများအား သတင်းဌာန တစ်ခုလျှင် မေးခွန်း ၃ ခု စီသာ မေးမြန်းခွင့် ပြုခဲ့ကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားလျက် ရှိသည့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ (CO-VID-19) ကူးစက်ခံရမှု မရှိစေရေး အတွက် လူစုလူဝေးနှင့် ပွဲလမ်းသ ဘင်များကို ဖျက်သိမ်းရန်နှင့် တတ် နိုင်သမျှ ရှောင်ရှားသွားရန် ပြီးခဲ့ သည့် မတ်လ ၂ ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အသိပေးအကြောင်း ကြားစာ ထုတ်ပြန်ထားရာ သတင်း စာရှင်းလင်းပွဲ ပြုလုပ်မည့်အချိန်မှာ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့ မှု ရှိ/မရှိ အပေါ် မူတည်နေမည်ဖြစ် ကြောင်း သိရသည်။
.
လက်ရှိ ရှမ်းပြည်နယ် အစိုးရအ ဖွဲ့မှာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက် က စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ လာမည့် ဧပြီလ ၁ ရက်တွင် သက်တမ်း ၄ နှစ် ပြည့်မြောက်မည် ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာ နဝန်ကြီး ၈ ဦး၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ၇ ဦး၊ ပြည်နယ် ဥပ ဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်တို့ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)