စုလှိုင်
.
ကမ္ဘာတစ်ဝှမ်းတွင်
ကူးစက်ဖြစ် ပွားနေသော လတ်တလော အသက် ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19ထိန်းချုပ်ကာကွယ် ကုသရေးအတွက် ရှမ်းပြည်နယ်အ
တွင်း ပြင်ပညာရှင်များ ပါဝင်သည့် မြို့နယ်အဆင့် ကုသရေး ကော်မတီ များကို
ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
COVID-19
ရောဂါကြိုတင်ကာ ကွယ်ရေးနှင့် ကုသရေးအတွက် ကြို တင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေ
အနေများနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မတ်လ ၁၉ ရက်က
ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ တွင် ပြုလုပ်ရာ အစည်းအဝေးတွင်
ယင်းကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ကုသရေးအတွက်
ပြင်ပပညာ ရှင်တွေပါတဲ့ ကုသရေးကော်မတီ ဖွဲ့ စည်းသွားမယ်။ အဓိက ကတော့တ
ခြားမြို့နယ်တွေမှာ အငြိမ်းစား ဆရာ ကြီးတွေ၊ ပရဟိတလုပ်တဲ့ ဆရာ တွေရှိတယ်။ တခြား
ဆေးခန်းက ဆ ရာဝန်တွေ၊ လူမှုရေးအသင်း အဖွဲ့မှာ လုပ်နေတဲ့သူတွေ စိတ်ပါဝင်စား
တယ်ဆိုရင် လက်ကမ်း ကြိုဆိုပါ တယ်။ လုပ်ငန်းကော်မတီဖွဲ့ပြီး ကြို တင်ပြင်ဆင်တဲ့
သဘောပါပဲ” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည် နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုး
ထွန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ရှမ်းပြည်နယ်သည်
နယ်မြေအ နေအထားအရ ကြီးမားကျယ်ပြန့် သည့်အတွက် ပြည်နယ်အဆင့်လုပ် ငန်း ကော်မတီကို
ရှမ်းတောင်၊ ရှမ်း မြောက်နှင့် ရှမ်းရှေ့ ဟူ၍ ၃ ခု ဖွဲ့ စည်းပေးသွားမည်ဖြစ်ပြီး
ပြည်နယ် အဆင့် ကော်မတီအောက်တွင် ခရိုင်အဆင့် လုပ်ငန်းကော်မတီနှင့် မြို့ နယ်အဆင့်
လုပ်ငန်းကော်မတီများ ကိုလည်း ဖွဲ့စည်းပေးသွားမည် ဖြစ် ကြောင်း သိရသည်။
.
ထို့အပြင်
ရောဂါထိန်းချုပ် ကာ ကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက်
အလှူရှင် များ၏ ထောက်ပံ့မှုဖြင့် ပြည်နယ် ရန် ပုံငွေတစ်ရပ် ထူထောင်သွားမည်ဖြစ်
ကြောင်း သိရသည်။
.
“လုပ်ငန်းကော်မတီ
ဖွဲ့ပြီးရင် ရန်ပုံငွေတစ်ရပ် ထူထောင်မယ်။ လို အပ်တဲ့နေရာတွေမှာ သုံးမယ်။ ရှမ်း
တောင်၊ ရှမ်းမြောက်၊ ရှမ်းရှေ့ဆိုပြီး ၃ ပိုင်းခွဲပြီး ရန်ပုံငွေလက်ခံကြီးကြပ်
ရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်သွား မှာပါ”ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ဆက်လက်
ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်သည် ကို
ရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ တရုတ်နိုင်ငံနှင့် ရှည်လျားသည့် နယ်နိ
မိတ်ထိစပ်မှု ရှိနေသည့်အပြင် ထိုင်း နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်လည်း နယ်
နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်း သိရသည်။
.