မောင်မောင်သန်း (တောင်ကြီး)
.
COVID-19 ကြောင့်ဖြစ်ပွားသော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါကာကွယ်ရေး
လုပ်ငန်းများတွင် အသုံးပြု နိုင်ရန်ရည်ရွယ်၍ တောင်ကြီးမြို့နေ အစ္စလာမ်ဘာသာဝင်များမှ ယနေ့ မတ်လ မတ်လ ၃၀ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်
ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ကျန်းမာရေးကာကွယ်မှုဝတ်စုံ ၅၀၀ နှင့် နှာခေါင်းစည်း ၅၀၀ အား
လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က
လာရောက်လှူဒါန်းသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးစောင့်ကြည့်စခန်းများသို့
ပြန်လည်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး အစ္စလာမ်ဘာသာဝင်များဖြစ်သည့် ဦးသန်းထွန်း၊
ဦးအေးဝင်း၊ ဦးကျော်မင်းထွန်း၊ ဦးလှဝင်း၊ ဦးအောင်မြင့်သိန်းတို့မှ ကျန်းမာရေးကာကွယ်ရေး
ဝတ်စုံ ၅၀၀ နှင့် နှာခေါင်းစည်း ၅၀၀ တိုကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က
လက်ခံရယူခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး
ဒေါက်တာအောင်သန်းမောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
ယင်းလက်ခံရရှိသည့် ကျန်းမာရေး ကာကွယ်ရေးဝန်စုံနှင့် နှာခေါင်းစည်းများကို
တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းဆေးရုံ၊ ရွှေညောင် ဆေးရုံ၊ ညောင်ရွှေဆေးရုံတို့ကို
ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
.