စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်
တောင် ကြီးမြို့၊ City Square Shopping Center စတုတ္ထထပ်ရှိ Amusement ဂိမ်းဆိုင်တွင်
ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်အား မတ်လ ၂၀ ရက် က
တောင်ကြီးမြို့မရဲစခန်းမှူးနှင့် တပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ
သွားရောက်စစ်ဆေးခဲ့သည် ဟု သိရသည်။
.
.
ထိုသို့
စစ်ဆေးရာတွင် အဆို ပါ ဆိုင်ခန်းမှာ အပျော်တမ်းဂိမ်းက စားနည်း အမျိုးအစား ၆၂
မျိုးအား တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ ရှမ်းပြည်နယ်စည်
ပင်သာယာရေးဥပဒေ ပုဒ်မ ၁၇ (ည) အရ တောင်ကြီး မြို့နယ်စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်း
ပုဂ္ဂလိက စျေးများ အဆင့်မြင့် အရောင်းဆိုင် ကြီးများ ဖွင့်လှစ်ခြင်းလိုင်စင်ဖြင့်
ဖွင့် လှစ်ထားခြင်းဖြစ်ပြီး ဂိမ်းစက်များမှာ စမတ်ကတ်များဖြင့် ထည့်သွင်းက
စားရခြင်းကြောင့် ငွေကြေးအလျော် အစားဖြင့် ကစားခြင်းမဟုတ်ဘဲ အ ရုပ်များဖြင့်
လဲလှယ်ပေးခြင်း ဖြစ် ကြောင်းနှင့် ငါးမန်းလောင်းကစား ဂိမ်းစက်များ
တွေ့ရှိခြင်းမရှိကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထား သည်။
“ကျွန်တော်တို့က
လိုင်စင်ချပေး တဲ့ဌာနမဟုတ်တော့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ကျွန်တော်တို့
စိစစ်လိုက် တဲ့အချိန်မှာ စည်ပင်ကလည်း လိုင် စင် ချပေးထားတာရှိတယ်။ လိုင်စင်
သက်တမ်းကလည်း ဒီနှစ်အောက် တိုဘာမှ ကုန်မယ်။ ဂိမ်းတွေက လည်း တရားဝင် တင်သွင်းခွင့်
ရထား တဲ့ စာရွက်စာတမ်းတွေ ရှိတယ်။ တ ရားဝင်ခွင့်ပြုတာ/မပြုတာကတော့ သက်ဆိုင်ရာ
ဌာနတွေက စိစစ်ပြီး ဆောင်ရွက်သွားမယ့် အပိုင်းတွေ ပါ။ လောင်းကစားနဲ့ ပတ်သက်လို့
ဆောင်ရွက်နေတာ ဆိုရင်တော့ ဥပ ဒေနဲ့အညီ အရေးယူဆောင်ရွက် သွားမှာပါ” ဟု
တောင်ကြီးမြို့မရဲစ ခန်းမှူး ဒုရဲမှူး တင်ဝင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့
တောင်ကြီးမြို့လယ် တွင် ဂိမ်းဆိုင်များ ဖွင့်လှစ်ထားခြင်း နှင့် ပတ်သက်၍
ဒေသနေပြည်သူ များမှ ဝေဖန်မှုများ ရှိနေကြောင်း သိ ရသည်။
.
“၂၀၁၉ မှာ
လောင်းကစား ဥပ ဒေအသစ် ပြဌာန်းထားတာရှိတယ်။ အခုတွေ့ရတဲ့ စက်ရယ်၊ လုပ်နေတဲ့
ပုံစံကတော့ လောင်းကစားမှု လုပ်နေ တဲ့ အနေအထားလို့ ပြောရမှာပေါ့။ လောင်းကစားမှု
မြောက်/ မမြောက် ဆိုတာကတော့ သက်ဆိုင် ရာ တရား ရုံးတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါ တယ်။
လောင်းကစား ဥပဒေမှာက ငွေရေးကြေးရေး ယူတာ/မယူတာ ထက် ကံစမ်းတဲ့ ကစားနည်းတွေ၊
စက်ကိရိယာတွေနဲ့ ကစားတဲ့ ကစား နည်းတွေကို လောင်းကစားလို့ သတ် မှတ်ထားပါတယ်” ဟု
တောင်ကြီးမြို့ နေ တရားလွှတ်တော်ရှေ့နေ တစ် ဦးက ပြောသည်။
.
၂၀၁၉ ခုနှစ်၊ မေလ
၇ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအ မှတ် (၁၃)ဖြင့် ပြဌာန်းခဲ့သော လောင်း ကစားဥပဒေ
ပုဒ်မ ၂၊ ပုဒ်မခွဲ (က) တွင် လောင်းကစားခြင်းဆိုသည်မှာ ကံစမ်းကစားခြင်း၊
ကျွမ်းကျင်မှု က စားခြင်း တစ်ခုခုတွင် အကောက် အ စား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ် စေ
ငွေကြေးအတွက် လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မ ဟုတ် ငွေကြေး
တန်ဖိုးအဖြစ် လွှဲ ပြောင်း သတ်မှတ်ရန် သဘောတူပြီး ဖြစ်သော ပစ္စည်း တစ်စုံတစ်ရာ အ
တွက် လည်းကောင်း လောင်းကစား ပြုခြင်းကို ဆိုလိုသည်ဟု ပြဌာန်း ဖော်ပြထားသည်။
.
.
“ ကျွန်မတို့ ဆိုင်မှာ
ထားတဲ့ Amusement Game စက် အမျိုးအစား ၆၂ မျိုး ရှိပါတယ်။ Japan ,USA , Korea,
Taiwan အစရှိတဲ့ အဆင့််မီ Amusement
Company တွေကနေ တရားဝင်တင်သွင်းထားတဲ့ Game စက်တွေ ဖြစ်ပါတယ်။ စည်ပင်ဌာနရဲ့ လိုင်စင်နဲ့
ဖွင့်ထားတာပါ။ Amusement Game စက်တွေမှာလည်း Power Card နဲ့ ကစားရတာမျိုးပါ၊ ငွေကို
လုံးဝ ပြန်မအမ်းဘဲ ငွေကြေးအလျော်အစားနဲ့ ကစားရတာမျိုး မဟုတ်ပါဘူး။ အပျော်တမ်း ကစားဖို့
အတွက်ပဲ ဖြစ်ပါတယ်။ Power Card က ကျန်တဲ့ အမှတ်ကို အမှတ် ကုန်တဲ့ထိ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ
စိတ်အပန်းဖြေ ကစားနိုင်ပါတယ်။ ငါးမန်းဂိမ်း လောင်းကစား ဂိမ်းစက်လည်း ဆိုင်မှာ လုံးဝ
မရှိပါဘူး။” ဟု ဆိုင်မန်နေဂျာ မသက်ဝေဖြိုးမှ ကမ္ဘောဇိုင်းသို့ ပြောသည်။
.
ထို့အတူ ဆိုင် အရောင်းဝန်ထမ်း
တစ်ဦးမှလည်း “ Game ကစားမည် ဆိုရင် Register လုပ်ပြီး Power Card ရယူ ကစားနိုင်ပါတယ်။
အရုပ်ကောက်စက်တွေက အရုပ်တွေဟာ ဂျပန်နိုင်ငံက SEGA , Disney ကုမ္ပဏီတွေက မြန်မာနိုင်ငံအတွက်
မူပိုင်ခွင့်ပေးထားတဲ့ မွှေးပွအရုပ်တွေပါ။ အရုပ်ကောက်စက်မှာလည်း ပျော်ရွှင်စွာ လာရောက်
ကောက်ယူနိုင်ပါတယ်။ ရရှိထားတဲ့ Tickets တွေကို ပြပြီး ဆုလက်ဆောင်တွေကိုလည်း ထုတ်ယူနိုင်ပါတယ်။
ကျမတို့ဆိုင်မှာ စိတ်အပန်းဖြေ ကစားဖို့ ထားတဲ့ Game စက်တွေက ကိုယ်လက်လှုပ်ရှား မမောမပန်း
ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားနိုင်တဲ့ Game တွေ ဖြစ်လို့ ကျန်းမာရေးအတွက်ပါ တစ်ဖက်တစ်လမ်းက
အထောက်အကူပြုပါတယ်ရှင့်။ လာရောက်အပန်းဖြေကစားနိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်ရှင့်။” ဟု ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်လွှတ်တော်၊ ရှမ်းပြည်နယ် တရားလွှတ်တော်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ရာ မြို့ ဖြစ်သည်။