စိုင်းရာဇာ
.
ရှမ်းပြည်နယ်၏မြို့တော်တောင် ကြီးမြို့လယ်ရှိ City Square Shopping Center စတုတ္ထအထပ်ရှိ Amusement ဆိုင်တွင် ငါးပစ် ဂိမ်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားရှိမှု ရှိနေပြီး ယင်းကဲ့ သို့ ဖွင့်လှစ်ထားမှုနှင့် ပတ်သက်၍ ဒေသခံများက ဝေဖန်ပြောဆိုလျက် ရှိကြောင်း သိရသည်။
.
.
“တာချီလိတ်လို
နယ်စပ်မြို့မှာ တောင်မှ သမ္မတလာတော့ ပြောလို့ လောလောဆယ် အကုန်လုံး ပိတ် ထားရတယ်။
ပြည်နယ်အစိုးရ ရုံးစိုက် ရာ မြို့တော်မှာ အခုလို ပေါ်ပေါ်ထင် ထင်ကြီး
ဖွင့်တယ်ဆိုတာကတော့ ဥ ပဒေကို ပမာမခန့် လုပ်တဲ့သဘောပါ ပဲ။ အရင်တောင်ကြီးမှာ
ငါးမန်းဂိမ်း ခုံတွေ ဖွင့်ခဲ့တုန်းက ဘဝပျက်ခဲ့သူ တွေ၊ အိမ်ထောင်ကွဲခဲ့သူတွေ၊နောက်
ဆုံးအသက်ပါ ဆုံးရှုံးခဲ့ရတဲ့သူတွေ ရှိ ခဲ့ဖူးပါတယ်။ လောင်းကစားဆိုတာ လောဘဇော
မသတ်နိုင်ရင် ဘဝပါ ပျက်ရတာပါပဲ”ဟု တောင်ကြီး ဒေ သခံတစ်ဦးက ၎င်း၏ အမြင်ကို ပြော
ဆိုခဲ့သည်။
ယင်းကဲ့သို့
ငွေကြေးဖြင့် ကစား ရသော ငါးပစ်ဂိမ်းခုံများ ဖွင့်လှစ်ထား ရှိမှုနှင့် ပတ်သက်၍
တောင်ကြီးမြို့ နေဒေသခံများမှ ဝေဖန်မှုများ ရှိနေ ကြောင်း သိရသည်။
.
“ကျွန်တော်တို့
ဖွင့်တာက ပြည် တွင်း/ပြည်ပ အခွန် ဆောင်၊ တရား ဝင် လျှောက်တယ်။ တရားဝင်
ခွင့်ပြုချက် ကျမှ စက်တွေနဲ့ ဖွင့်ရ တာပေါ့။ ဝန်ကြီးတွေ အဆင့်ဆင့်၊ မဖွင့်ခင်
ကတည်းက တရားဝင် တင် ပြပြီးတော့မှ သူတို့က ခွင့်ပြုချက် ပေးမှ သွင်းခွင့် ရတယ်။
ဖွင့်ဖို့ကို ပိုင်ရာ၊ ဆိုင်ရာ ဌာနဆိုင်ရာတွေကို လည်း တင်ပြတယ်။ သူတို့က မှန်
ကန်တယ်ဆိုမှ လိုင်စင် ထုတ်ပေး တာလေ။ ဌာနဆိုင်ရာ ဆိုတော့ ... ဌာနတွေ
အကုန်ပါမှာပေါ့” ဟု ငါးပစ်ဂိမ်းဆိုင်များ ဖွင့်လှစ်ထား သည့် Amusement ဆိုင်မှ တာဝန် ရှိသူ ဦးမျိုးနိုင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ
ငါးပစ်ဂိမ်းဆိုင်ဖွင့်လှစ် မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့ နယ်အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက် အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေး မြန်းရာတွင် “ငါးမန်းဂိမ်းခုံကို တရား ဝင် ပေးထားတာ မရှိဘူး။ ရှိလာခဲ့ရင် တော့
သူ့ဥပဒေလမ်းကြောင်း အ တိုင်း ဖမ်းဆီးရမှာပေါ့။ ငွေရေး၊ ကြေး ရေးနဲ့ ဆော့တာဆိုရင်
ဖမ်းရမှာပေါ”့ ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့တွင်
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်က ပြုလုပ်ခဲ့ သော နိုင်ငံတော်သမ္မတနှင့် ရှမ်းပြည်
နယ်အစိုးရအ ဖွဲ့၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် သမ္မတ ဦးဝင်းမြင့်မှ
တာချီလိတ်မြို့တွင် လောင်းကစား လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိ ထားကြောင်း
ပြောဆိုပြီးနောက် တာ ချီလိတ်မြို့ပေါ်ရှိ လောင်းကစား လုပ် ငန်းများကို
ဖမ်းဆီးပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ပြီး ကျားမင်းစီမံချက်ဖြင့် တ ရားဥပဒေ
စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရ သည်။
.
တောင်ကြီးမြို့သည်
ရှမ်းပြည် နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ ဖြစ် သော်လည်း မြို့နယ်အတွင်း ပြည့်
တန်ဆာနေအိမ်များ အပါအဝင် အ နှိပ်ခန်းများ၊ အမျိုးသမီးငယ်များ ဧည့်ခံဖျော်ဖြေသည့်
စင်တင် တေးဂီ တနှင့် ကာရာအိုကေ (KTV)ဆိုင် များစွာ ရှိနေသော မြို့နယ်တစ်ခု ဖြစ် ကြောင်း သိရသည်။
.