တောမီးလောင်ကျွမ်းမှုကြောင့် တောင်ကြီးမြို့အရှေ့ဘက် တောင်ကြောတွင် သစ်တောသစ်ပင်များ ဆုံးရှုံးနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောမီးလောင်ကျွမ်းမှုကြောင့် တောင်ကြီးမြို့အရှေ့ဘက် တောင်ကြောတွင် သစ်တောသစ်ပင်များ ဆုံးရှုံးနေရ


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ ကျက်သရေဆောင် အထင် ကရနေရာတစ်ခုဖြစ်သည့် ရွှေဘုန်း ပွင့်စေတီတော် တည်ရှိရာ အရှေ့ ဘက်တောင်ကြော တစ်လျှောက် ပေါ်တွင် နှစ်စဉ် နွေရာသီရောက်တိုင်း တောမီးလောင်ကျွမ်းမှုကြောင့် သစ် တောသစ်ပင်များ ဆုံးရှုံးနေရသည် ဟု ဒေသခံများက ပြောဆိုလျက် ရှိ သည်။
.
 
.
ထိုသို့ သစ်တောသစ်ပင်များ လျော့နည်းလာသည့်အတွက် မြို့ တော်တောင်ကြီးတွင် တစ်နှစ်ထက် တစ်နှစ် အပူချိန် တိုးလာနေပြီး ရေ ရှည်တွင် သစ်တောသစ်ပင်များကို ထိန်းသိမ်းနိုင်မှု အားနည်းပါက ရေ ရှားပါးမှု ပြဿနာကို ပိုမို ကြုံ တွေ့လာ ရနိုင်သည်ဟု ဒေသခံ များက ပြောသည်။
.
“အရှေ့ဘက် တောင်ပေါ်မှာ နွေရာသီ ရောက်လာတိုင်း တောမီး လောင် တာ တွေ့ရတယ်။ တောမီး လောင်တဲ့အတွက် တောင်ပေါ်မှာရှိ တဲ့ သစ်ပင်ကြီးတွေ မီးလောင်ဆုံးရှုံး ရသလို အသစ်ပေါက်လာတဲ့ အပင် ငယ်တွေလည်း မီးထဲပါသွားတာရှိ တယ်။ တောင်ကြီးမြို့က တောင် ပေါ်မြို့ဖြစ်နေတော့ သစ်တောသစ် ပင် ထိန်းသိမ်းနိုင်မှု အားနည်းရင် ရေရှားပါးမှု ကြုံလာနိုင်တဲ့အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လို အပ်ပါတယ်”ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံ ကိုမင်းမင်းက ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ယင်းကဲ့သို့ တောမီးလောင် ကျွမ်းခြင်းကြောင့် သစ်တောသစ်ပင် များ ဆုံးရှုံးမှုအပြင် စည်းကမ်းမဲ့တ ရားမဝင် ခုတ်ယူမှုများကြောင့်လည်း သစ်ပင်များ လျော့နည်းလာနေသည့် အတွက် သစ်ပင်ခုတ်သူများကို တား မြစ်အရေးယူရန် လိုအပ်နေကြောင်း သိရသည်။
.
“အခုနောက်ပိုင်း တောင်ပေါ်မှာ သစ်ပင်တွေ တော်တော်နည်းလာ တယ်။ တောမီးလောင်တာရယ်၊ စည်းကမ်းမဲ့ ခုတ်ယူတာရယ်ကြောင့် ပါ။ မြို့ထဲမှာဆိုရင်လည်း လမ်းချဲ့ ထွင်တာတွေ၊ လူနေအိမ်ခြေ တိုးချဲ့ ဆောက်လုပ်တာတွေရှိတော့ သစ် ပင်ခုတ်တာတွေ ရှိတယ်။ သစ်တော သစ်ပင်ကို ထိန်းသိမ်းမှ ရာသီဥတု ပြောင်းလဲမှုတွေကို ခံနိုင်မှာဖြစ်တဲ့ အတွက် အစိုးရနဲ့ ပြည်သူတွေပေါင်း ပြီး စီမံချက်တစ်ရပ် အနေနဲ့ လုပ် ဆောင်သင့်ပါတယ်” ဟု တောင်ကြီး မြို့ရှိ သစ်ပင်ချစ်သူအဖွဲ့ဝင် တစ် ဦးကလည်း ၎င်း၏အမြင်ကို ပြောဆို ခဲ့သည်။
.
တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်း တစ်လျှောက်တွင် တောင်ပေါ် တောစိမ်းသစ်တော၊ တောင်ပေါ် တောခြောက်သစ်တော၊ ထင်းရှူးတောများ ပေါက်ရောက်ရှင် သန်ပြီး သစ်တောပြုန်းတီးမှု မရှိစေ ရေးအတွက် ကြိုးဝိုင်း/ကြိုးပြင် သစ် တောများ တိုးမြှင့်ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲတော်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း တောင် ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက် အလက်များတွင် ဖော်ပြထားသည်။
.

Journal Download

Photo of three cats