စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လျှပ်စစ်ဓါတ်အားခ (မီ
တာခ) ကောက်ခံရာ၌ လစဉ် အမှန် တကယ် သုံးစွဲမှု ယူနစ်အတိုင်း တိတိ ကျကျ ကောက်ခံပေးစေလိုသည်
ဟု ဒေသခံများမှ ပြောဆိုလျက်ရှိ ကြောင်း သိရသည်။
.
.
“မီတာယူနစ်ကို ပိုကောက်တာ လည်းမဟုတ်၊ လျှော့ကောက်တာ လည်း မဟုတ်ဘဲ
လကုန်ရက်ကျရင် တိတိကျကျ လာဖတ်စေချင်တယ်။ ဒါ့အပြင် အဲဒီလို ယူနစ် လာဖတ်တဲ့ အခါမှာ နေ့လယ်နေ့ခင်း
လူမရှိတဲ့နေ အိမ်တွေအတွက် ဘယ်လိုလုပ်ပေး မလဲပေါ့။ တစ်ခုခုစီစဉ် သင့်ပါတယ်။ လောလောဆယ်မှာ
ပိုကောက်တာ တွေ၊ လျှော့ကောက်တာတွေ တွေ့ နေရတယ်။ မီတာယူနစ်စျေးနှုန်း အပြောင်းအလဲဖြစ်ရင်
အရမ်းခက် ခဲပါတယ်”ဟု တောင်ကြီးမြို့၊ကျောင်း ကြီးစု ရပ်ကွက်နေ ဒေသခံအမျိုးသ မီးတစ်ဦးက
ပြောသည်။
ထို့အတူ အခြား အမျိုးသမီး တစ်ဦးကလည်း “ကျွန်မတို့ အိမ်မှာ မီတာ
၂ လုံးရှိတယ်။ တစ်လုံးက ပျက်နေတယ် လို့ပြောတယ်။ တစ် လုံးကို အများကြီး ကောက်ထားပြီး
တော့တစ်လုံးကို ထိန်းသိမ်းခ ၅၀၀ ပဲပေးရတယ်။ ၅ လ လောက်ရှိပြီ။ သွားတိုင်တယ်။ ဒီနယ်မြေ
တာဝန် ကျတဲ့သူရဲ့ ဖုန်းနံပါတ် တောင်းပြီး ဖုန်းဆက်တယ်။ ဘယ်တော့မှ မ ကိုင်ဘူး”ဟု ပြောသည်။
.
“ပိုတဲ့သူလည်းရှိတယ်၊ လျှော့ ကောက်တာလည်း ရှိတယ်။ တိကျ ဖို့လိုတယ်။
သုံးတဲ့သူကလည်း ကိုယ် သုံးတဲ့ ယူနစ်အတိုင်း ဆောင်ရတာ ကို မနှမြောဘူး။ ကိုယ်မသုံးဘဲ
ပို ဆောင်ရတာမျိုးက လက်ခံလို့မရ ဘူး” ဟု တောင်ကြီးမြို့၊ ညောင်ဖြူ စခန်းရပ်ကွက်နေ ဒေသခံတစ်ဦးက
လည်း ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအား
တာဝန်ယူ ဆောင်ရွက်နေသည့် လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူထံသို့
ကမ္ဘော ဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ “ရုံး ကိုလာပြီး တာဝန်ရှိတဲ့သူတွေနဲ့ သေ ချာလာပြီးမေးကြည့်မှ
ရပါမယ်။ ရုံး မှာလာပြီး ဆွေးနွေးလို့ရပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
လင်းသီဟ လျှပ်စစ်နှင့် အထွေ ထွေ ဝန်ဆောင်မှု ကုမ္ပဏီသည် တောင်ကြီးမြို့နှင့်
အေးသာယာမြို့ တို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အ တွက်
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ နနှင့် ပဋိဉာဉ်စာချုပ်
ချုပ်ဆို လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
.