စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်
တောင် ကြီးမြို့၊ စူဠာမုနိဘုရားတွင် လာမည့် မတ်လ ၂၁ ရက်၌ မျက်ကြည်လွှာ နှင့်
ခန္ဓာကိုယ်အစိတ်အပိုင်း၊ ကိုယ် တွင်း အစိတ်အပိုင်းများ စုပေါင်း လှူ ဒါန်း
ရေစက်ချပွဲ အခမ်းအနားကို ဒုတိယအကြိမ် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
.
.
ထိုသို့
စုပေါင်းလှူဒါန်းမှုအဖြစ် မတ်လ ၂၀ ရက်တွင် တောင်ကြီးဆေး တက္ကသိုလ်၌
မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါ၊ အသည်း၊ ကျောက် ကပ်လှူဒါန်းပွဲ
ပြုလုပ်မည်ဖြစ်ပြီး မတ်လ ၂၁ ရက်၌ တောင်ကြီးမြို့၊ စူဠာမုနိလောက ချမ်းသာစေတီ
တော်တွင် ရေစက်ချ တရားနာယူပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း လှူဒါန်း ပွဲအား
ဦးဆောင်ပြုလုပ်သူ တန်ဖိုးရှိသော လူသားများအသင်းချုပ်မှ ဦး ဇေသူကိုကိုက ပြောသည်။
“သေသွားရင်
သချႋုင်းမှာ ပစ်ရ မယ့်ခန္ဓာကိုယ်၊ မီးရှို့လိုက်ရင် ပြာ ဖြစ်မယ့် ခန္ဓာကိုယ်၊
မြေမြှုုပ်လိုက်ရင် မြေဩဇာ ဖြစ်မယ့်ခန္ဓာကိုယ်ကို လူ များစွာ အလင်းရခွင့်၊ အသက်ဆက်
ရှင်သန်ခွင့်ရပြီး နောင်မျိုးဆက်တွေ ကို ဆေးကုသဖို့အတွက် ဆေးပညာ သင်ကြားရေးတွေမှာ
လှူဒါန်းခွင့်ရ မယ်ဆိုရင် အရမ်းမွန်မြတ်တာပေါ့။ ကိုယ်တိုင်လည်း ကုသိုလ်ရပြီး မိ
သားစုဝင်တွေလည်း ဒါနပါရမီတွေ ရရှိမှာ ဖြစ်တာကြောင့် လှူဒါန်းဖို့
တိုက်တွန်းချင်ပါတယ်” ဟု ဦးဇေသူ ကိုကိုက ပြောသည်။
.
ထိုသို့
လှူဒါန်းလိုပါက သေဆုံး သူ၏ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါ
အစိတ်အပိုင်းများဖြစ်သော မျက် ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်း အင်္ဂါ
အစိတ်အပိုင်းများဖြစ်သော အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အ ဆုတ် အစရှိသည်တို့ကို
လှူဒါန်းနိုင် ပြီး လှူဒါန်းလိုပါက လိုင်စင်ဓါတ်ပုံ ၄ ပုံနှင့် မှတ်ပုံတင်မိတ္တူ
တစ်စောင်၊ အသိသက်သေ တစ်ဦးနှင့် အတူ လာရောက် လှူဒါန်းနိုင်ကြောင်း သိ ရသည်။
.
ယင်းကဲ့သို့
မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ လှူဒါန်းပွဲကို
တောင်ကြီးမြို့တွင် ဒု တိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ပြီး ခဲ့သည့် ၂၀၁၉ ခုနှစ်၊
နိုဝင်ဘာလ ၂၁ ရက်က ပထမအကြိမ် လှူဒါန်းမှု ပြု လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
တန်ဖိုးရှိသော
လူသားများ အ သင်းချုပ်သည် မြန်မာနိုင်ငံ တစ်ဝှမ်း တွင် ယင်းကဲ့သို့
ခန္ဓာကိုယ်နှင့်ကိုယ် တွင်းအင်္ဂါ အစိတ်အပိုင်းများ လှူဒါန်း နိုင်ရေးအတွက်
စည်းရုံးအလှူခံ၍ သက်ဆိုင်ရာ ဆေးတက္ကသိုလ်များ နှင့် ချိတ်ဆက်ဆောင်ရွက်နေသော
အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ရန်ကုန် ဆေးတက္ကသိုလ်တွင် ၄ ကြိမ်၊ မန္တ
လေးဆေးတက္ကသိုလ်တွင် ၁ ကြိမ်၊ မကွေးဆေးတက္ကသိုလ်တွင် ၁ ကြိမ်၊ တောင်ကြီး
ဆေးတက္ကသိုလ်တွင် ၁ ကြိမ် စုစုပေါင်း ၁၀ ကြိမ် လှူဒါန်းနိုင် ခဲ့ပြီးဖြစ်ကာ ယခု
ပြုလုပ်မည့် လှူ ဒါန်းမှုမှာ ၁၁ ကြိမ်မြောက် ဖြစ် ကြောင်း သိရသည်။
.