စိုင်းသိင်္ခသူ
.
၂၀၁၉ ခုနှစ်၊
စားသုံးသူ ကာ ကွယ်ရေး ဥပဒေအရ ကုန်ညွှန်းအ မှတ်အသား ပြည့်စုံစွာ ဖော်ပြထား ခြင်း
မရှိသည့် ကုန်စည်များကို မတ် လ ၁၆ ရက်မှစတင်ကာ စျေးကွက် အတွင်း ဖယ်ရှားရှင်းလင်း
အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
.
“စျေးကွက်ထဲမှာ
ကုန်ညွှန်းအ မှတ်အသား ဖော်ပြထားခြင်း မရှိတဲ့ ကုန်စည်တွေ၊ သတ်မှတ်ချက်နဲ့ မ
ကိုက်ညီတဲ့ ကုန်စည်တွေကို ဖယ်ရှား ရှင်းလင်းမယ့် နည်းလမ်းကတော့ စုံ
စမ်းစစ်ဆေးရေးမှူးက တစ်ဆင့် သ တင်းပို့တင်ပြလာတဲ့ အပေါ်မှာ ရှင်း လင်းဖို့
လိုအပ်တဲ့ ကုန်စည်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ကော်မတီရဲ့ အဆုံးအဖြတ်နဲ့
ရှင်း လင်းသွားမှာ ဖြစ်ပါတယ်။ ဒုတိယအ ဆင့်ကတော့ စားသုံးသူရဲ့ တိုင်ကြား မှုအရ
ကြည့်ပြီးတော့ကုန်ညွှန်း အ မှတ်အသား မကိုက်ညီဘူးဆိုရင် ဖယ်ရှား ရှင်းလင်းသွားမှာ ဖြစ်ပါ တယ်။ မတ်လ ၁၆
ရက် နောက်ပိုင်း မှာ ဥပဒေ အသက်ဝင်တဲ့အတွက် ဒီ ဥပဒေနဲ့ မကိုက်ညီတဲ့ ကုန်စည်တွေ ဟာ
စျေးကွက်မှာ ရှိလို့မရပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊
စားသုံးသူရေးရာ ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ချိုက မီဒီယာများသို့ ပြောဆိုခဲ့ သည်။
စားသုံးသူ
ကာကွယ်ရေးဥပဒေ ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက် က ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၉
ဖြင့် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေ အခန်း (၁၈) ကုန်ညွှန်း အမှတ်အသား
ဖော်ပြခြင်းအခန်း၊ ပုဒ်မ ၄၁ တွင် စီးပွားရေး လုပ်ငန်းရှင် သည်
ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ကုန် စည် တံဆိပ်အမှတ်အသား၊
အမျိုးအ မည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊
သုံးစွဲပုံနည်း လမ်း၊ ထုတ်လုပ်/သက်တမ်း ကုန်ဆုံး ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်
သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ် လုပ်သည့်နေရာ သို့မဟုတ် ပြည်ပ ကုန်စည်များ
တင်သွင်းပြီး ပြန်လည် ထုပ်ပိုး သည့်နေရာ၊ ကုန်ကြမ်းပစ္စည်း အမျိုးအမည်နှင့်
ပါဝင်မှု အချိုးအ စား၊ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း
ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင် ရာ အစိုးရဌာနများက ဖော်ပြထား သော
အချက်အလက်များကို ပြည့် စုံစွာ ဖော်ပြရမည်ဖြစ်ကြောင်း ပြ ဌာန်း ဖော်ပြထားသည်။
.
ထို့အပြင်
ယင်းဥပဒေ ပုဒ်မ ၆၇ (က) တွင် ကုန်ညွှန်းအမှတ်အသား၌ ဖော်ပြထားသည့် အချက်အလက်
များနှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ထုတ်လုပ် ခြင်း၊
ကုန်သွယ်ခြင်း၊ ရောင်းချခြင်း မပြုရန် တားမြစ်ထားပြီး ပုဒ်မ ၇၃ တွင်
တားမြစ်ချက်ကို ဖောက်ဖျက် လျှင် ထိုသူကို ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊
ကျပ်သိန်း ၂၀၀ ထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေချမှတ်ရမည်ဟု ပြ
ဌာန်းထားသည်။
.
“စားသုံးသူရေးရာ
ဦးစီးဌာနအ နေနဲ့ စျေးကွက်ထဲမှာရှိတဲ့ ကုန်စုံ ဆိုင်တစ်ဆိုင်မကျန် ကွင်းဆင်းပြီး
တော့ ဆောင်ရန်၊ ရှောင်ရန် လိုအပ် တာတွေကို အမြဲမပြတ် ကြပ်မတ် ဆောင်ရွက်ပေး
နေပါတယ်။ ဒါ ကြောင့် မတ်လ ၁၆ ရက် နောက်ပိုင်း ကစပြီး ဥပဒေနဲ့ မညီတဲ့ ကုန်စည် တွေ
ဖယ်ရှားရှင်းလင်းတဲ့ အခါမှာ တော့ ဥပဒေကို မသိလို့ ကျူးလွန်ရ ပါတယ်ဆိုတဲ့
ဆင်ခြေကိုတော့ လက်ခံမှာမဟုတ်ပါဘူး”ဟု ဦးမြင့်ချို က ပြောသည်။
.
၂၀၁၉ ခုနှစ်
စားသုံးသူ ကာ ကွယ်ရေးဥပဒေ ပြစ်မှုများသည် ရဲ အရေးပိုင်သည့်အတွက် စားသုံးသူ
(သို့မဟုတ်) ပြည်သူတစ်ဦးဦးသည် ကုန်စည်တစ်ခုအပေါ် ကုန်ညွှန်းအ မှတ်အသား
မပြည့်စုံသည့်အတွက် အရေးယူပေးရန် သက်ဆိုင်ရာ ရဲ စခန်း၌ အမှုဖွင့် တိုင်ကြားခွင့်
ရှိပြီး စားသုံးသူရေးရာ ဦးစီးဌာနသို့လည်း တိုက်ရိုက် တိုင်ကြားနိုင်သလို ဌာန က
ခန့်အပ်ထားသည့် စုံစမ်းစစ်ဆေး ရေးမှူးများကလည်း စုံစမ်းစစ်ဆေး မှုများ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.