ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင်COVID-19 စောင့်ကြည့်လူနာ ၂ ဦး ထပ်မံ
ရောက်ရှိလာကြောင်း သိရသည်။
.
.
“စဝ်စံထွန်းဆေးရုံမှာ
မောင်နှမ ၂ ယောက်က စောင့်ကြည့်လူနာ၊ ကျောက်တလုံးက တစ်ယောက်က (Hospital
Quarantine) ဆေးရုံတွင် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း
ခံနေရသူ ၁ ဦး ရှိတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ
ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
စဝ်စံထွန်းဆေးရုံတွင်
ယမန်နေ့က COVID-19
စောင့်ကြည့်လူနာ အသက် ၇၄ နှစ်အရွယ် အမျိုးသား ၁ ဦး ရှိသဖြင့် လက်ရှိတွင်
စောင့်ကြည့်လူနာ ၃ ဦး ရှိကာ၊ တာချီလိတ်ဆေးရုံ၌ စောင့်ကြည့်လူနာ ၁၁ ဦး၊
ကျေးသီးဆေးရုံတွင် စောင့်ကြည့်လူနာ ၁ ဦး ရှိသဖြင့် ရှမ်းပြည်နယ်တွင် စုစုပေါင်း COVID-19 စောင့်ကြည့်လူနာ ၁၅ ဦး ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
COVID-19 နှင့် ပတ်သက်၍
အတည်ပြုလူနာ ၃ ဦး တွေ့ရှိထားပြီး ပြည်ပနိုင်ငံများမှ ပြန်လာသူ ရှမ်းပြည်နယ်အတွင်
အများအပြား ပြန်လည် ရောက်ရှိနေခြင်းကြောင့် လူထုအတွင်း စိုးရိမ်မှု မြင့်တက်နေလျက်
ရှိကြောင်းလည်း သိရသည်။
.