ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် COVID-19 အသိပညာပေးမှုများ ပြုလုပ်ထား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Tuesday, March 10, 2020

ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် COVID-19 အသိပညာပေးမှုများ ပြုလုပ်ထား


စုလှိုင်
.
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားမှုဌာနတို့ ပူးပေါင်း ၍ ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်၊ မိုတည်၊ အင်းနှင့် တည်းခိုရိပ်သာ များအား ကိုရိုနာဗိုင်းရပ်စ် (COVID -19) နှင့် ပတ်သက်၍ အသိပညာ ပေးဆွေးနွေးမှုများ ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း သိရသည်။
.
 
.
တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ကလောနှင့် ဖယ်ခုံမြို့များရှိ ဟို တယ် လုပ်ငန်းရှင်များအား COVID -19 လတ်တလောအသက်ရှူ လမ်း ကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက် ၍ ကာကွယ်ရန် နည်းလမ်းများကို ညောင်ရွှေမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းမှလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်ထံက သိရသည်။
.
“ဟိုတယ်၊ တည်းခိုခန်း မန်နေ ဂျာတွေ၊ ဝန်ထမ်းတွကို ဒီရောဂါနဲ့ ပတ်သက်လို့ တွေ့ရှိရင် ကျန်းမာရေး ဌာနကို ဆက်သွယ်ပေးဖို့အပြင် လို အပ်တဲ့ အသိပညာတွေကို ပေးထား ပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာန တွေက ညွှန်ကြားချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ထို့အပြင် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ဟိုတယ်၊ မိုတည်၊ တည်းခိုခန်း များကိုလည်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ရန် အ သိပညာပေး ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
“ဟိုတယ်တွေမှ မဟုတ်ပါဘူး။ မိသားစုတိုင်း၊ ဌာနတိုင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်းကလည်း အားလုံး တစ်ညီတစ်ညွတ်တည်း လုပ်မယ် ဆိုရင် အသိ၊ သတိရှိရှိနဲ့ လိုက်နာနေ ထိုင်ဖို့ လိုပါတယ်” ဟု ၎င်းက ဆက် လက် ပြောဆိုခဲ့သည်။
.
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှမ်း ပြည်နယ်တောင်ပိုင်းတွင် ဟိုတယ်၊ မိုတယ်၊ အင်း စုစုပေါင်း ၂၁၉ လုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၅၇ လုံး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၅၈ လုံး ရှိနေပြီး ရှမ်းပြည်နယ်မြို့တော်  တောင်ကြီးမြို့ပေါ်တွင် ဟိုတယ် ၄၆ လုံး၊ မိုတယ် ၄ လုံးနှင့် တည်းခိုခန်း ၆၄ လုံး ရှိနေကြောင်း သိရသည်။
.
လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ (COVID-19) သည် မတ်လ ၁၀ ရက်အထိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံရှိ လူဦးရေ ၁၁၄၃၇၉ ဦးတွင် COVID-19 ကူး စက်ခံထားရပြီး သေဆုံးသူ ၄၀၂၆ ဦး ရှိနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ မတ်လ ၁၀ ရက်၊ နံနက်ပိုင်းအထိ ရောဂါအတည် ပြုဖြစ်ပွားသူ မရှိသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)