တောင်ကြီးမြို့ ရေစီးရေလာ ကာင်းမွန်စေရေးအတွက် တံတား ၃ စင်း အဆင့်မြှင့်တင်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 5, 2020

တောင်ကြီးမြို့ ရေစီးရေလာ ကာင်းမွန်စေရေးအတွက် တံတား ၃ စင်း အဆင့်မြှင့်တင်မည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီး မြို့ရေစီးရေလာ ကောင်းမွန်စေ ရေးအတွက် မြို့ပေါ်ရှိ တံတား ၃ စင်း ကို အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကဲ့ သို့ အဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင် ရွက်နိုင်ရန်အတွက် လုပ်ငန်းတင်ဒါ ခေါ်ယူထားကြောင်း သိရသည်။
.
 
.
“တင်ဒါခေါ်ထားတယ်။ တောင် ကြီးစည်ပင်ရဲ့ လူမှုကွန်ရက်မှာ လည်းကြော်ငြာထားတယ်။ တင်ဒါ ခေါ်ရင်တော့ ဘတ်ဂျက်လုပ်ငန်း ဖြစ် တဲ့အတွက် ဘဏ္ဍာရေးနှစ်အတွင်း အပြီး ဆောင်ရွက်ရမှာပါ”ဟု တောင် ကြီး မြို့နယ်စည်ပင်သာယာရေးဌာ နမှ အမှုဆောင်အရာရှိ ဦးအေးကို က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့ သည်။
.
တောင်ကြီးမြို့ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြည် တော်သာရပ်ကွက်ရှိ ကြံ့ခိုင်ရေး တံတားပြုပြင်ခြင်းနှင့် လမ်းအဆင့် မြှင့်တင်ခြင်း၊ နှင်းဆီလမ်း တံတား ပြုပြင်ခြင်းနှင့် လမ်းအဆင့် မြှင့်တင် ခြင်း၊ သစ္စာလမ်းတံတားပြုပြင်ခြင်း နှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ် ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ရေအေးကွင်းရပ်ကွက်၊ ယက်ကန်းကျောင်းလမ်းရှိ ကွန်က ရစ် ရေတံလျှောက်နှင့် ရေမြောင်း အ ဆင့်မြှင့်တင်ခြင်း လုပ်ငန်းကိုလည်း  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ဆောင်ရွက်ရာတွင် အ ကွေ့အကောက်များသည့် ရေမြောင်း များကို အဖြောင့်လုပ်ဆောင်နိုင်ရန် စီစဉ်ထားပြီး နှင်းဆီလမ်းတံတား၊  သစ္စာလမ်းတံတားနှင့် မြင့်မိုရ်လမ်း တံတားတို့မှာ အသစ်ပြုပြင်တည် ဆောက်ရန် လိုအပ်သည့်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ ထားကြောင်း သိရသည်။
.
တောင်ကြီးမြို့သည် တောင်ပေါ် မြို့တစ်မြို့ဖြစ်သော်လည်း မိုးသည်း ထန်စွာ ရွာသွန်းပါက ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်တတ်ပြီး ရေစီးနောက် လူမျောပါ သေဆုံးမှုများ၊ ဆိုင်ကယ် နှင့် လူ့အသုံးအဆောင်ပစ္စည်းများ မျောပါခြင်းများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.
ယင်းကဲ့သို့ တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း ရေကြီးရေလျှံ မှု မဖြစ်ပွားစေရေးအတွက် ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ်အတွင်းက ရှမ်း ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ဒေသ ခံများအား အစည်းအဝေးခေါ်ယူခဲ့ ပြီး တောင်ကြီးမြို့ ရေစီးရေလာ ကောင်းမွန်စေရေး စစ်ဆေးရေးအဖွဲ့ ကို ကော်မတီဝင် ၈ ဦးဖြင့် ဖွဲ့စည်းတာ ဝန်ပေးအပ်ကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)