တောင်ကြီးတွင် သောက်သုံးရေပြတ်လပ်မှု မရှိနိုင်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, March 4, 2020

တောင်ကြီးတွင် သောက်သုံးရေပြတ်လပ်မှု မရှိနိုင်ဟု ဆို

နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် နွေရာသီ ကာလ တစ်လျှောက်လုံး သောက်သုံးရေ ပြတ်လပ်မှု မရှိနိုင်ကြောင်း တောင်ကြီးမြို့ နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးကြည်လွင်က ပြောဆိုခဲ့သည်။
.
“တစ်မြို့လုံး ပြတ်တောက်မယ့် အခြေအနေတော့ မရှိဘူး။ တောင်ကြီးမြို့က နဂိုကတည်းက ရေခံမြေခံ ကောင်းတဲ့ မြို့လည်း ဖြစ်တယ်။ ရေကို သူ့ရပ်ကွက်နဲ့ သူတော့ ပေးနေမှာပဲ။ လက်ရှိမှာ ဂနိုင်ကန်ကတော့ ခန်းတော့မယ်။ အဲဒီက ခန်းရင် ရှိတဲ့ကန်ကနေ ပြန်ခွဲပေးတာ ရှိမယ်။ ပိုက်လိုင်းတွေလည်း ရှိပြီးသားပါ” ဟု ဦးကြည်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် စည်ပင်သာယာရေးဌာနမှ သောက်သုံးရေ ဖြန့်ဝေပေးသည့် ရေအရင်းအမြစ် ရေကန် ၇ ခု ရှိပြီး လက်ရှိတွင် အချို့ ကန်များမှာ ရေလျော့နည်း ခန်းခြောက်စ ပြုလာနေပြီ ဖြစ်ကြောင်း သိရသည်။
.
အကယ်၍ ရေထပ်မံလျော့နည်း လာပါက အပိုင်းလိုက် ခွဲဝေပေးသွားမည် ဖြစ်ပြီး ရေပေးချိန်ကို လျှော့ချသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
“နွေရာသီ ရောက်ပြီဆိုရင် ရေ သုံးရတာ မလုံလောက်ဘူး။ တစ်ခါတလေဆိုရင် ရေ ဝယ် သုံးနေရပါ တယ်။ တစ်ရက်ခြားတောင် ပုံမှန် မလာဘူး။ ဖြစ်နိုင်ရင် ရေကို လုံလုံလောက်လောက် ပေးစေချင်ပါတယ်” ဟု စည်ပင်သာယာရေးဌာနမှ ဖြန့်ဝေသည့် သောက်သုံးရေ ရယူ သုံးစွဲနေသူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် စည်ပင်သာယာရေးဌာနမှ ရေမီတာ စနစ်ဖြင့် ဖြန့်ဝေသည့် သောက်သုံးရေ သုံးစွဲသူ ၃၆၀၀ ကျော် ရှိပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)