တောင်ကြီးမှ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့ ရပ်နားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, March 26, 2020

တောင်ကြီးမှ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့ ရပ်နားမည်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းအချို့သည် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် မတ်လ ၂၇ ရက်မှ စတင်၍ ပြေးဆွဲမှုကို ယာယီရပ်နားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“ရှမ်းရှေ့ဘက် လိုင်းတစ်ခုကိုပဲ ခေတ္တ ရပ်နားလိုက်တာဖြစ်ပါတယ်။ ကျန်တဲ့လိုင်းအားလုံးကိုတော့ ဆက်ဖွင့်ပေးထား ပါတယ်။ ဆင်ပြေတဲ့အချိန်မှာ လိုင်းကို ပုံမှန်ပြန်ဖွင့်ပြီး ပြေးဆွဲပေးမှာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့ရှိ ရွှေတောင်ရိုး ခရီးသည်တင်ယာဉ်လိုင်းမှ ဦးစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအေးကျော်က “ကျွန်တော်တို့ ဌာနအနေနဲ့ ခရီးသည်တင်ယာဉ်လိုင်းဂိတ်တွေကို ရပ်နားထားဖို့ ညွှန်ကြားတာ မရှိပါဘူး” ဟု ပြောသည်။
.
တောင်ကြီးမှ မိုင်းပျဉ်း၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ နေ့စဉ် အသွားအပြန်ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲ ပေးလျက်ရှိရာ လတ်တလောတွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ၏ အပြန်လမ်းကြောင်းသာရှိပြီး တောင်ကြီးမှ ရှမ်းရှေ့သို့ ထွက်ခွာသည့် ခရီးသည် နည်းပါးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About