ရှမ်းရှေ့ မြို့နယ်အချို့တွင် မီးခိုးမြူများ ဖုံးလွှမ်းပြီး လေထုညွှန်းကိန်း အဝါရောင်အဆင့်သို့ ရောက်ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းရှေ့ မြို့နယ်အချို့တွင် မီးခိုးမြူများ ဖုံးလွှမ်းပြီး လေထုညွှန်းကိန်း အဝါရောင်အဆင့်သို့ ရောက်ရှိနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာ ချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် များတွင် မီးခိုးမြူငွေ့ (Smog)များ ဖုံးလွှမ်းနေပြီး တာချီလိတ်ခရိုင်ပတ် ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ တိုင်းတာချက်အရ မတ်လ ၁၂ ရက် တွင် လေထု အရည်အသွေး ညွှန်း ကိန်းအဝါရောင်သို့ ကူးပြောင်း ရောက်ရှိလာနေကြောင်း သိရသည်။
.
 
.
မနေ့ (မတ်လ ၁၁ ရက်) က ဆိုရင် လိမ္မော်ရောင်အဆင့်ခဏရောက် တယ်။ ဒါပေမဲ့ ၂၄ နာရီ တိုင်းတာချက် ကိုပဲ အတည်ပြုရတဲ့အတွက် အဝါ ရောင်အဆင့် ထုတ်ပြန်ရတာ ဖြစ်ပါ တယ်” ဟု တာချီလိတ်ခရိုင် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးထွန်း ထွန်းဦးက ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ယင်းဌာန၏ မတ်လ ၁၁ ရက် နံ နက် ၉ နာရီမှ မတ်လ ၁၅ ရက် နံနက် ၉ နာရီအထိ တိုင်းတာချက်အရ လေထုအရည်အသွေး ညွှန်းကိန်း (Air Quality Index-AQI) မှာ ၅၁ မှ ၁၀၀ ကြား အဝါရောင်အဆင့် ဖြစ်ကာ လေထုအရည်အသွေးမှာ အသင့်အ တင့် ရှိသော်လည်း ခံနိုင်ရည် နည်း ပါးသည့် သက်ကြီးရွယ်အိုများ၊ က လေးသူငယ်များနှင့် ရောဂါသည်များ အတွက် ကျန်းမာရေးထိခိုက်နိုင်ဖွယ် အသင့်အတင့်ရှိသည်ဟု သိရသည်။
.
ဒီမှာတော့ ခရိုင်အဆင့် နယ် စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ ရေးကော်မတီ အနေနဲ့ မီးသတ်ကား နဲ့ ရေဖြန်းတာတွေ လုပ်နေပါတယ်။ ရေမှုန်ရေမွှားတွေက အောက်ဆီဂျင် ပိုမိုရရှိစေဖို့ ဆောင်ရွက်ပေးတာပါ” ဟု ဦးထွန်းထွန်းဦးက ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ နယ်စပ်ဖြတ်ကျော် မီး ခိုးမြူငွေ့လျှော့ချရေးကော်မတီတွင် ဌာနပေါင်းစုံ ပါဝင်ပြီး တောင်ယာမီး မရှို့ရေး၊ အမှိုက်မီးမရှို့ရေး စသည် တို့ကို မြို့နယ်/ကျေးရွာများတွင် အ သိပညာပေး ဟောပြောမှုများပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
.
ယင်း ကော်မတီအနေဖြင့် ဌာန စုံပါဝင်ကာ တောမီးမရှို့ရေး၊ တောင် ယာမီးမရှို့ရေး၊  အမှိုက်များ မီးမရှို့ ရေးစသည်များကို ကျေးရွာများနှင့် မြို့နယ်များတွင် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
.
နှစ်စဉ် နွေရာသီတွင် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနယ်စပ် တစ် လျှောက်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတို့၌ မီးခိုးမြူငွေ့ (Summer Smog)များ ဖုံးလွှမ်းလေ့ရှိပြီး တစ် ခါတစ်ရံ တစ်နေ့လုံးနီးပါး ဖုံးလွှမ်းနေ သဖြင့် လေယာဉ်ဆင်းသက်မှုကို အ ခက်အခဲ ဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။
.
မီးခိုးမြူငွေ့များသည် အခိုးအ ငွေ့များ၊ ဖုန်မှုန့်များ၊ အမှုန်များ၊ရေ ခိုးရေငွေ့၊ နိုက်ထရိုဂျင်အောက် ဆိုက်(NOx)၊ ဆာလဖာအောက် ဆိုက် (Sox)၊ ကာဗွန်မိုနောက်ဆိုက် (CO)၊ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဓါတ်ငွေ့များ၊ မီးခိုးများ၊ မီး တောင်ပြာများ၊ အငွေ့ပျံစေနိုင်သည့် အရာများ လေထုအတွင်း ပေါင်းစပ် ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အဆုတ်နှင့် ပတ်သက်သည့် ရောဂါ များ၊ သွေးကြောဆိုင်ရာ မာကြော ခြင်း၊ လည်ချောင်းယားယံခြင်း၊ မျက် စိ နာခြင်း၊ အသက်ရှူရ ခက်ခဲခြင်း စသည့်ရောဂါများ ဖြစ်ပွားစေနိုင် သည်ဟု သိရသည်။
.
မီးခိုးမြူငွေ့များ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများတွင် တောမီး လောင်ကျွမ်းမှု၏ ၉၅ ရာခိုင်နှုန်းသည် လူ့ပယောဂဖြစ်ပြီး စိုက်ပျိုးရေးစွန့် ပစ်ပစ္စည်းများ၊ ရွှေ့ပြောင်းတောင် ယာ စိုက်ပျိုးခြင်းမှ မီးရှို့မှုများ၊ အမဲ လိုက်ခြင်းနှင့် ပျားရည်ရရှိရန် မီးမြိုက် ခြင်းများ၊ စက်ရုံအလုပ်ရုံများ အလွန် အကျွံ မီးခိုးထုတ်လွှတ်ခြင်းများ၊ အ မှိုက်ပုံမီးရှို့ခြင်းများက လူများကို အန္တရာယ်ပြုမည့် မီးခိုးမြူငွေ့များဖြစ် ပေါ်စေသည့် အကြောင်းများဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats