တာချီလိတ်ချစ်ကြည်ရေးတံတားတွင် မြန်မာနှင့် ထိုင်း နိုင်ငံသားများကိုသာ ကျော်ဖြတ်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်ချစ်ကြည်ရေးတံတားတွင် မြန်မာနှင့် ထိုင်း နိုင်ငံသားများကိုသာ ကျော်ဖြတ်ခွင့်ပြု


ထက်တိုင်းကျော်
.
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသည့် တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် မတ်လ ၁၉ ရက်မှ စတင်၍ မြန်မာနှင့် ထိုင်းနိုင်ငံသားများကိုသာ ဖြတ်သန်းသွားလာခွင့် ပြုပေးပြီး ကျန် တတိယနိုင်ငံသားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
.

.
ယင်း အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှ နယ်စပ်ဖြတ်ကျော်သွားလာခွင့် ဗီဇာဖြင့် တရုတ် အပါအဝင် တတိယ နိုင်ငံသားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ခြင်းမှာ လက်ရှိ ကမ္ဘာ့နိုင်ငံများတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ရည်ရွယ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
.
“ပုံမှန်အနေအထားမှာတုန်းက မြန်မာဘက်ကဖြစ်စေ၊ ထိုင်းဘက်ကဖြစ်စေ တတိယနိုင်ငံသားတွေကို ဝင်ထွက် သွားလာခွဠင့် ပြုပေးထားခဲ့ပေမဲ့ အခု ကိုရိုနာကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ နှစ်နိုင်ငံအတွက် ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်စေဖို့ ပိတ်ပင်တယ်လို့ ပြောနိုင်ပါတယ်” ဟု ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ပိတ်ပင်မှုနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံတစ်ဦးက “အခုလို ပိတ်လိုက်တာ ကောင်းပါတယ်။ တရားမဝင် ရေချောင်းကိုဖြတ်ပြီး ဝင်ထွက်နေတာတွေကိုပါ ထိထိရောက်ရောက် ပိတ်နိုင်ဖို့လိုပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
တာချီလိတ်မြို့နယ် အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသည် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် COVID-19 ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် နယ်စပ်ဝင်ပေါက်များမှတဆင့် ဖြတ်သန်း သွားလာသူများကြောင့် ရောဂါကူးစက်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
.

Journal Download

Photo of three cats