ထိုင်းမှ လွှဲပြောင်းလာသည့် မြန်မာ ၉၀ ကျော်အနက် ၁၁ ဦးမှာ ဖျားနေ၍ ဆေးရုံ၌ စောင့်ကြည့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းမှ လွှဲပြောင်းလာသည့် မြန်မာ ၉၀ ကျော်အနက် ၁၁ ဦးမှာ ဖျားနေ၍ ဆေးရုံ၌ စောင့်ကြည့်နေ


ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသို့ ယနေ့ (မတ်လ ၂၃ ရက်)၊ နေ့လယ်ပိုင်းတွင် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား ၉၂ ဦးအနက် ၁၁ ဦးမှာ ဖျားနာ နေသည့်အတွက် တာချီလိတ် ပြည်သူ့ဆေးရုံ၌ တင်ဆောင်၍ စောင့်ကြည့်နေလျက် ရှိကြောင်း သိရသည်။
.
၁၁ ဦးက ဖျားနေတာကို တွေ့ရလို့ ဆေးရုံ တင်ထားတယ်။ တာချီလိတ်ဆေးရုံ သီးသန့်အဆောင်မှာ ထားပြီး စောင့်ကြည့် ကုသမှု ပေးနေတာပေါ့။ လောလောဆယ် စစ်ဆေးမှုတွေ လုပ်နေတုန်းပဲ COVID-19 နဲ့ ပတ်သက်ပြီး သံသယ ဖြစ်တယ်ဆိုရင် ချက်ချင်း ထုတ်ပြန်ပေးပါမယ်။ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ဖျားနာနေသူ ၁၁ ဦးအပြင် ကျန်ရှိသည့် ၈၁ ဦးကိုလည်း တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာ တရားစခန်းရှိ အဆောင်တစ်ခုတွင် သီးသန့်ထားရှိ၍ စောင့်ကြည့်နေလျက် ရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအား စီစဥ ်ပေးထားကာ ကျန်းမားရေး စောင့်ရှောက်မှု လုပ်ငန်းများအား ကျန်းမာရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့် အခြား သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats