ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင် မတ်လ ၂၅ ရက်၊
နံနက် အစောပိုင်းက အမှိုက်မီးရှို့သည့် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာ၊ နယ်မြေ (၂) နေ ဒေါ်နန်းအေးခင်သည်
၎င်း၏ နေအိမ် အနောက်ဘက်ရှိဂိုဒေါင်အဟောင်းအတွင်း အမှိုက်များအားရှင်းလင်း၍ မီးရှို့ရာမှတစ်ဆင့်
မတ်လ ၂၅ ရက်၊ နံနက် ၃ နာရီခွဲခန့်က မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်
ဒေါ်နန်းအေးခင်၏ သွပ်မိုး၊ အကာအရံမရှိ ဂိုဒေါင်အတွင်း စုပုံထားသည့် သစ်သား မျိုးစုံ
၂ တန်ခန့်နှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်သန်းသန်းဝင်း၏ သွပ်မိုး မြေစိုက်နေအိမ်တို့
မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး နံနက် ၄ နာရီခွဲခန့်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း
သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်
ဒေါ်နန်အေးခင်၏ ဂိုဒေါင်အတွင်းမှ သစ်သားတန်ဖိုး ၅ သိန်းကျပ်ခန့်နှင့် ဒေါ်သန်းသန်းဝင်း၏နေအိမ်တွင်
ပျက်စီးဆုံးရှုံးမှု ကျပ် ၁၁၀၀၀၀၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၆၁၀၀၀၀ ကျပ်ခန့်
ရှိခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍
မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်နန်းအေးခင်အား ရွှေညောင်နယ်မြေရဲစခန်းမှ (ပ) ၂၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.