ရှမ်းပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မီးလောင်မှု ၂၂၄ ကြိမ် ဖြစ်ပွားခဲ့ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 6, 2020

ရှမ်းပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မီးလောင်မှု ၂၂၄ ကြိမ် ဖြစ်ပွားခဲ့

စုလှိုင်
.
ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက မီးလောင်မှု စုစုပေါင်း ၂၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရ သည်။
.
 
.
“ရှမ်းပြည်နယ်မှာ တစ်နှစ်ကိုပုံ မှန်အကြိမ် ၂၀၀ လောက် မီးလောင် တယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကဆိုရင် မီးလောင်မှု ၂၂၄ ကြိမ် ရှိခဲ့တယ်။ တောင်ကြီးမြို့ပေါ်မှာတော့ ကြီးကြီး မားမား မီးလောင်မှုမရှိဘူး” ဟု ရှမ်း ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးတင်မင်းက ပြောဆို ခဲ့သည်။
.
လျှပ်စစ်ဓါတ်အားကို ခံနိုင်ဝန် ထက် ပိုမိုသုံးစွဲမှု၊ လျှပ်စစ်ပစ္စည်း ချို့ယွင်းမှုများကြောင့် မီးလောင်မှု ဖြစ်ပွားတတ်လေ့ရှိပြီး ဘုရားစင်တွင် ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်း မှုများလည်း ရှိကြောင်း ၎င်းက ဆက် လက်ပြောဆို ခဲ့သည်။
.
“ပြည်သူတွေအနေနဲ့ မီးဘေး အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အသိစိတ်လေး ရှိပါတယ်။ လိုက်လံ နှိုးဆော်ပြီး ဆောင်ရွက်နေတာလည်း ရှိပါတယ်”ဟု ဦးတင်မင်းက ပြော သည်။
.
တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်း၊ ရွှေတောင်အပါအဝင် မြို့ပတ်လမ်း အနောက်ဘက်ခြမ်း ရပ်ကွက်များ တွင် လမ်း ကျဉ်းမြောင်းခြင်းနှင့် တောင်ကုန်း/ တောင်စောင်းများ ကြောင့် မီးလောင်မှု ဖြစ်ပွားပါက မီး သတ်ယာဉ် ဝင်ထွက်ရန် အခက်အ ခဲ ရှိနေကြောင်း ၎င်းကဆက်လက် ပြောဆိုခဲ့သည်။
.
မီးသတ်တပ်ဖွဲ့အနေဖြင့် တောင် ကြီးမြို့ပေါ်တွင် မီးသတ်စခန်း ၅ နေရာ ဖြန့်ကျက်ချထားပြီး မင်္ဂလာ ဦးရပ်ကွက်ရှိ မီးသတ်စခန်းတွင် မီးသတ်ယာဉ် ၂ စီး၊ စျေးပိုင်းရပ် ကွက်ရှိ မီးသတ်စခန်းတွင် မီးသတ် ယာဉ် ၂ စီး၊ ကံသာရပ်ကွက်ရှိ မီး သတ်စခန်းတွင် မီးသတ်ယာဉ် ၂ စီးအပါအဝင် မီးသတ်စခန်းများတွင် မီးသတ်ယာဉ်များ ဖြန့်ကျက်ထားရှိ ပြီး အထပ်မြင့် မီးသတ်ယာဉ် ၂ စီး၊ ရှာဖွေကယ် ဆယ်ရေး ကရိန်းယာဉ် ၃ စီး၊ အထပ်မြင့်တက် ပလက်ဖောင်း ယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ရာတွင် အ သုံးပြုသည့် ဟိုက်ဒရောလစ်ပစ္စည်း ၄ မျိုး၊ လေမှုတ်စက် ၆ လုံး၊ အသက်ရှူကိရိယာ ပါဝင်သော မီး သတ်ယာဉ် ၂ စီး ထားရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန၊ တောင်ကြီးမီးသတ်စခန်းတွင် အင် အား ၃၇ ဦး ရှိပြီး မီးငြှိမ်းသတ်ယာဉ် ၁၂ စီး ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)