မင်းဇော်မင်း
.
ရာသီတုပ်ကွေးရောဂါနှင့် ပြင်းထန်
အသက်ရှုလမ်းကြောင်း ရောဂါ (SARS) တို့ကို ဖြစ်စေသည့် ဗိုင်းရပ်စ်များနှင့်
နှိုင်းယှဉ်ပါက ကိုရိုနာဗိုင်းရပ်စ်သည် လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ကူးစက်ပြီးနောက်
ခန္ဓာကိုယ်အတွင်း ပိုမို ရှည်လျားသော အချိန်တစ်ခု ကြာမြင့်မည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်
(COVID-19) က လူ့ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ ဆက်ရှိနေလိမ့်မည်ဟု
ပပီကင်းတက္ကသိုလ် ဆေးရုံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဆရာဝန်တစ်ဦးဖြစ်သည့် Wang
Guiqiang က မီဒီယာများသို့ ပြောဆိုခဲ့သည်။
.
.
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတစ်ချို့
ပြန်လည်သက်သာကျန်းမာလာပြီးမှ နောက်တစ်ကြိမ် ဗိုင်းရပ်စ် ပြန်တွေ့သည့် ဖြစ်စဉ်များ
မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေရခြင်းမှာ ၎င်း၏ ပြောဆိုချက်က တစ်စိတ် တစ်ပိုင်း
ရှင်းပြနိုင်ဖွယ် ရှိနေသည်။
လက်ရှိအခြေအနေအရ ဒုတိယအကြိမ် ဗိုင်းရပ်စ်
ကူးစက်ခံရခြင်းဟု ဆိုလိုခြင်း မဟုတ်ကြောင်း
ယင်းသို့ ဖြစ်ခြင်းမှာ ဆေးစစ်မှု နမူနာများကို
စနစ်တကျ စုဆောင်းခြင်း မရှိခဲ့ခြင်းကြောင့်သော် လည်းကောင်း သို့မဟုတ် လူနာများသည်
ကာလရှည် ရောဂါခံစားရမှုနှင့် ကြုံတွေ့နေရခြင်းကြောင့်သော် လည်း ဖြစ်သည်ဟု ပညာရှင်များကဆိုသည်။
.
ထို့အပြင် COVID-19 သည် SARS နှင့်ယှဉ်ပါက
လူတစ်ဦးမှ တစ်ဦးသို့ ပိုမို ကူးစက်တတ်သော်လည်း သေဆုံးမှုနှုန်း နည်းပါးပြီး
တုပ်ကွေး ဗိုင်းရပ်စ်နှင့် ယှဉ်ပါက ကူးစက်မှု ပိုနည်းသော်လည်း သေဆုံးမှုနှုန်း
ပိုများသည်ဟု Wang Guiqiang က ပြောသည်။
.
ကိုရိုနာဗိုင်းရပ်စ်သစ်သည် SARS ကဲ့သို့ တူညီသော
ကိုရိုနာဗိုင်းရပ်စ်အုပ်စုဝင်ထဲတွင် ပါဝင်ပြီး COVID-19 သည် SARS ထက် ပိုမို
ကူးစက်နိုင်ခြေ များသော်လည်း ယင်း၏ သေဆုံးမှုနှုန်းက ပိုမို လျော့နည်းသည်ကို
လက်ရှိ အချက်အလက်များက ပြသနေကြောင်း Capital ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ အဆုတ်ကင်ဆာ
ကုသမှုစင်တာ၏ ဒါရိုက်တာ Zhi Xiuyi က ပြောသည်။
.
Ref : CGTN Photo: Shutterstock
.