ကိုရိုနာနှင့်ပတ်သက်၍ စစ်ကိုင်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကို အနားပေး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 6, 2020

ကိုရိုနာနှင့်ပတ်သက်၍ စစ်ကိုင်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကို အနားပေး


ထက်တိုင်းကျော်
.
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦးအား ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာနှင့် ထိတွေ့ခဲ့သောကြောင့် မတ်လ ၄ ရက်မှ စတင်၍ တာဝန်ချိန်အဖြစ် သတ်မှတ်၍ အနားပေးခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ကျန်းမာရေးဝန်ထမ်း ၁၄ ဦးမှာ လက်ထောက်ဆရာဝန် ၂ ဦး၊ အထက်တန်းသူနာပြု ၅ ဦး၊ သူနာပြု ၃ ဦးနှင့် အထွေထွေလုပ်သား ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။
.
စစ်ကိုင်းပြည်သူ့ဆေးရုံအုပ်ကြီး၏ မတ်လ ၄ ရက်က ထုတ်ပြန်သည့် စာတွင် ယင်းဆေးရုံ၌ မတ်လ ၁ ရက်၊ ညနေပိုင်းက တက်ရောက်ဆေးကုသမှု ခံယူခဲ့သော လူနာသည် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ကိုရိုနာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသနေသောကြောင့် ယင်းလူနာအား ထိတွေ့ခဲ့သူ ကျန်းမာရေးဝန်ထမ်း များအား တာဝန်ချိန်အဖြစ် သတ်မှတ်၍ ခေတ္တနားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အနားပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများအား နားနေစဉ်အတွင်း အိမ်အပြင်မထွက်ရန်နှင့် နှာခေါင်းစည်း တပ်ဆင်ရန်၊ ကျန်းမာရေးအခြေအနေ ထူးခြားမှုရှိပါက ဌာနသို့ ချက်ချက်အကြောင်းကြားရန် ညွှန်ကြားထားကြောင်း သိရသည်။
.
ယနေ့ မတ်လ ၆ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၈၉ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၉၈၄၁၀ ဦး၊ သေဆုံးသူ ၃၃၈၇ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၅၅၅၉၄ ဦး ရှိလာပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ အတည်ပြုလူနာ မရှိသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)