မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
သီပေါမြို့နယ်၊ တာလုံကျေးရွာအနီး နမ္မတူမြစ်ကမ်းပါးတွင် မတ်လ ၁၄ ရက်က အပြည်ပြည်ဆိုင်ရာ
မြစ်ချောင်းများနေ့ အထိမ်းအမှတ် ဆုတောင်းပွဲနှင့် ရေကာတာများ တည်ဆောက်ခြင်း၊ မြစ်ကမ်းတစ်လျှောက်
သတ္တုတူးဖော်ခြင်းကို ရပ်တန့်ရန် တောင်းဆိုပွဲများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“မြို့ရွာတွေ
ရေလွှမ်း၊ ပြည်သူတွေ အိုးအိမ်ရွှေ့ပြောင်း ထိခိုက်နစ်နာစေမယ့် ဘယ်ရေကာတာစီမံကိန်းမှ
အလိုမရှိ ပါဘူး။ ရှမ်းပြည်နယ်အတွင်းက မြစ်ချောင်းအင်းအိုင်တွေ သဘာဝအတိုင်း စီးဆင်းလှပခွင့်ပြုပါ”
ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။
မတ်လ
၁၄ ရက်သည် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ ဖြစ်သည့်အတွက် သီပေါမြို့နယ်၊ တာလုံကျေးရွာ
နှင့် အခြားဒေသများမှ လူဦးရေ ၇၀၀ ခန့်သည် နမ္မတူမြစ်ကမ်းဘေးတွင် စုရုံးပြီး ရေကာတာများကြောင့်
ရေအောက် နစ်မြုပ်ပြီး ထိခိုက်ပျက်စီးမည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ
ထိခိုက်ပျက်စီးမှု များကို ထောက်ပြပြောဆို ကန့်ကွက်ခဲ့ပြီး နမ္မတူမြစ်ရေ သဘာဝအတိုင်းစီးဆင်းပါစေ
ဟု ဆုတောင်းခြင်း၊ မြစ်ချောင်းစောင့် နတ်ဒေဝတာများအတွက် ဆုတောင်းမေတ္တာပို့သ၍ ဝါးဖောင်မျောခြင်းများ
ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အခမ်းအနားအပြီးတွင်
ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် နမ္မတူမြစ်ပေါ်၌ အထက်ရဲရွာရေကာတာတည်ဆောက်မှု
စီမံကိန်းကို
နိုင်ငံခြားကုမ္ပဏီများက
လုပ်ဆောင်နေပြီး ယင်းရေကာတာ
ပြီးစီးပါက ရေအောက်မြုပ်မည့် တာလုံကျေးရွာနှင့်သမိုင်းဝင်များနေရာများအကြောင်း၊
သီပေါမြို့၏မြောက်ဘက်
၂၅ မိုင်အကွာတွင် ထပ်မံတည်ဆောက်နေသည့်
သီပေါရေကာတာအကြောင်း၊
တစ်နှစ်လျှင်
ခဲတန် ၂ တန်ခန့် ထွက်ရှိနေသည့်
သြစတြီးယားကုမ္ပဏီ၏ အကျိုးဆက်ပြဿနာ
အကြောင်းများအပြင် ရေကာတာ
ကျိုးပေါက်ပါက ဖြစ်လာနိုင်မည့် ပျက်စီးမှုအခြေအနေများကိုဖော်ပြကာ
ကန့်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။
.