ရှမ်းပြည်နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၉၀၀၀ ကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၉၀၀၀ ကျော် ရှိ


စိုင်းရာဇာ
.
ပြည်ပနိုင်ငံများမှ ရှမ်းပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ မတ်လ ၂၉ ရက်အထိ ၉၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
“ ရှမ်းပြည်နယ်မှာ ပြည်ပကနေ ပြန်ပြီးတော့ ဝင်လာတဲ့သူ ၉၀၀၀ ကျော် ရှိတယ်။ ဒါကတော့ မတ်လ ၂၉ ရက် အထိပေါ့။ ပြန်လာတဲ့သူတွေကို ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာဌာနက သူတွေ ပူးပေါင်းပြီးတော့ ကျန်းမာရေး စစ်ဆေးတာတွေ၊ အခြား လိုအပ်တာ​​​​ကို ​ပေါင်းစပ် ​ဆောင်ရွက် ​ပေး​နေပါတယ်။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ဦးရေမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၅၅၄၇ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၁၅၁ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၁၄၆၉ ဦး စုစုပေါင်း ၉၁၆၇ ဦး ရှိကြောင်း သိရသည်။
.

အဆိုပါ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ အနက် COVID-19 နှင့် ပတ်သက်၍ Quarantine ပြုလုပ်၍ အသွားအလာ ကန့်သတ်ထားသူမှာ နေအိမ်များတွင် ၇၂၀၁ ဦး၊ ဘုန်းကြီးကျောင်းများတွင် ၁၄၃ ဦး၊ ဆေးရုံများတွင် ၃၆ ဦး၊ ရိပ်သာများတွင် ၁၇၉ ဦး၊ ဟိုတယ်တွင် ၂ ဦး အခြားနေရာများတွင် ၁၄၄၁ ဦး စုစုပေါင်း ၉၀၀၂ ဦး ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် ပြည်ပမှ ပြန်လာသူများအား ကျန်းမာရေး စစ်ဆေးမှု ခံယူကာ ကျန်းမာရေး ကောင်းမွန်မှုသည့်အတွက် ၄င်းတို့နေထိုင်ရာ ဒေသများသို့ ပြန်လည်စ ေလွှတ်သူ ဦးရေ ၁၄၈ ဦး ရှိပြီ ဖြစ်ကာ အဆိုပါ ပြည်ပမှ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသူများ အနက် COVID-19 ရောဂါ ကူးစက်ခံရသူများ ပါဝင်လာနိုင်ခြေ များပြားကာ ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန်များနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၉ ရက်က သတိပေး ထုတ်ပြန်ထားသည်။
.
#KBZTai  #Shan  #News  #SaiYarZar

Journal Download

Photo of three cats