ကင်မရာ ၃ လုံးပါဝင်သည့် Realme C3 စမတ်ဖုန်းကို မိတ်ဆက် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, March 2, 2020

ကင်မရာ ၃ လုံးပါဝင်သည့် Realme C3 စမတ်ဖုန်းကို မိတ်ဆက်


ကမ္ဘောဇတိုင်း
.
မြန်မာပြည်မိုဘိုင်းလ်ဈေးကွက်အတွက် ထူးခြားသည့် စွမ်းဆောင်ရည်များဖြင့် အဆင့်မြှင့်တင် ထုတ်လုပ် ထား သည့် Ralme C3 ဘတ်ဂျက်စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၅ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင်မိတ်ဆက်ကြေညာ ပေးခဲ့သည်ဟု သိရသည်။
.
.
Realme C3 (Ram 2GB + 32GB Rom) စမတ်ဖုန်းများကို ၁၆၉၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ (Ran 3GB + Rom 32 GB) စတ်ဖုန်းများကို ၁၉၉၉၀၀ ကျပ်ဖြင့်လည်းကောင်း ဖေဖော်ဝါရီလ ၂၉ ရက်မှ စတင်၍ ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
Realme C3 စတ်ဖုန်းများသည် Triple Camera Game Monster ဟူသည့် ဆောင်ပုဒ်အတိုင်း ယနေ့ လူငယ် များအကြား ပိုမိုတောင်းဆိုလာသည့် Gaming အတွေ့အကြုံကောင်းများအတွက် စွမ်းဆောင်ရည် အထူးကောင်းမွန် သော MediaTek Budjet Level Gaming အတွက် အတွေ့အကြုံကောင်းများ၊ စွမ်းဆောင်ရည် အထူးကောင်းမွန် သော MediaTeak Budjet Level Helio G70 Processor ကို တပ်ဆင်အသုံးပြုပေးထားကြောင်း သိရသည်။
.
ထို့အပြင် Gaming လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြီးမားပြီး ကြာရှည်ခံစေမည့် 5000mAh ဘက်ထရီကိုပါ တပ်ဆင်အသုံးပြုပေးထားကြောင်း သိရသည်။
.
ဖုန်း၏ မျက်နှာပြင်အရွယ်အစားမှာလည်း Multimedia စနစ်ကို ပိုမိုအသုံးပြုနိုင်စေမည့် HD+IPS LCD အမျိုး အစား ၆ ဒသမ ၅ လက်မအအရယ်အစားရှိပြီး Realme C3 ၏ နောက်ထပ် ထူးခြားချက် တစ်ရပ်မှာ ကိုယ်ပိုင် Ui (User Interface) ကို ထိတွေ့အသုံးပြုရမည်ဖြစ်သည်။
.
Realme C3 အတွက် လူငယ်များ ပိုမိုအကြိုက်တွေ့ နှစ်သက်စေမည့် Blazing Red နှင့် Frozen Blue အရောင် ၂ မျိုးကို ထုတ်လုပ်ပေးထားပြီး RAM+ROM တွဲဘက်မှု အတွက် ဗားရှင်း ၂ မျိုးဖြင့် ရရှိနိုင်မည်ဖြစ်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)