၂ နှစ်ကျော်ကြာ ရပ်နားထားသည့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြန်လည် ကျင်းပမည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 6, 2020

၂ နှစ်ကျော်ကြာ ရပ်နားထားသည့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြန်လည် ကျင်းပမည်


ကမ္ဘောဇတိုင်း
.
၂ နှစ်ကျော်ကြာ ရပ်နားထား သော ရှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို  မကြာမီ ကျင်းပသွားရန်ရှိနေကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူး ကြီး စိုင်းအုမ်းခေးထံက သိရသည်။
.
.
“ဆွေးနွေးပွဲတော့ ဒီနှစ်ထဲ စဖို့ ရည်ရွယ်ထားပါတယ်။ ဘယ်တော့ လောက် စမယ်ဆိုတာကတော့ ဆွေး နွေးနေတုန်းပါ။ သိပ်တော့ မကြာ တော့ပါဘူး။ အကြိုလူထုတွေ့ဆုံပွဲ တွေလည်း လုပ်ဖို့ရှိပါတယ်”ဟု ဒု တိယဗိုလ်မှူးကြီး စိုင်းအုမ်းခေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
RCSS ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျန်း၌ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပပြု လုပ်ခဲ့သည့် RCSS နှစ်ပတ်လည်အ စည်းအဝေးအပြီးတွင် ၂၁ ရာစုပင် လုံ စတုတ္ထအစည်းအဝေးကို သတ် မှတ်အချိန်ကာလအတွင်း ကျင်းပနိုင် ရေးနှင့် ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း RCSS မှ ထုတ်ပြန်ကြေ ညာထားသည်။
.
အဆိုပါ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့် ဧ ပြီလ ပထမပတ်တွင် လင်းခေးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို မတ်လ ၂၀ ရက် နောက်ပိုင်းတွင် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းစံခမ်းက သတင်းမီဒီယာများသို့ ပြောဆိုထားသည်။
.
ရှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြီးခဲ့ သည့် ၂၀၁၇ ခုနှစ်ကတည်းက အစိုး ရမှ လင်းခေးမြို့တွင် ကျင်းပရန် ခွင့် ပြုထားခဲ့သော်လည်း RCSS အနေ ဖြင့် အဆိုပါဆွေးနွေးပွဲတွင် ရှမ်းတိုင်း ရင်းသားတစ်ရပ်လုံး၏ အသံများ ပါ ဝင်နိုင်ရေးအတွက် လင်းခေးပြင်ပ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထု တွေ့ဆုံပွဲများကို ပြုလုပ်ခဲ့ရာတွင် တပ်မတော်ဘက်မှ တားဆီးမှုများရှိ ခဲ့သည့်အတွက် အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပနိုင်ခြင်း မရှိဘဲ ၂ နှစ်ကျော် ကြာမြင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
.
ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် NCA ကို ပထမဆုံး လက် မှတ်ရေးထိုးသည့် လက်နက်ကိုင် အ ဖွဲ့ ၈ ဖွဲ့တွင် တစ်ခု အပါအဝင်ဖြစ် သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)