ပြည်ထောင်စုကြီးတိုးတက်သာယာဝပြောရေးအတွက် ပအိုဝ်းတိုင်းရင်းသားအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက် ကြရန် တပ်ချုပ်တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, March 9, 2020

ပြည်ထောင်စုကြီးတိုးတက်သာယာဝပြောရေးအတွက် ပအိုဝ်းတိုင်းရင်းသားအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက် ကြရန် တပ်ချုပ်တိုက်တွန်း


ကမ္ဘောဇတိုင်း
.
ပအိုဝ်းတိုင်းရင်းသားတို့၏ ၇၁ နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့အပါအဝင် ပြည်တွင်းရှိ ပအိုဝ်း တိုင်းရင်းသားများ နေထိုင်ရာ ဒေသများနှင့် ပြည်ပနိုင်ငံများတွင် မတ်လ ၈ ရက်က ပြုလုပ်ခဲ့ရာ အဆိုပါ ပအိုဝ်းအမျိုး သားနေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုကြီး တိုးတက်သာယာဝပြောရေးအတွက် ပအိုဝ်းတိုင်းရင်းသားအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု သိရသည်။
.
 
.
သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသော သုခတို့နှင့်ပြည့်စုံနိုင်ကြပါစေကြောင်းပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးယခင်က ရှိပြီးဖြစ်သော မွန်မြတ်သည့်အစဉ်အလာအတိုင်း ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ကြကာ မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မျိုးချစ်စိတ်ဓာတ်ထက်သန်စွာဖြင့် အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ခဲ့ကြသူများလည်းဖြစ်ပါကြောင်း၊ ပင်လုံညီလာခံတွင် ပအိုဝ်း တိုင်းရင်း သားခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့၌ ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးရာတွင် သထုံ(ဆီဆိုင်) စော်ဘွား (စပ်ခွန်ကြည်ကိုယ်စား) ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးဖြူ က လက်မှတ်ရေးထိုးခဲ့သည်ကို သမိုင်းမှတ်တမ်းများက ဂုဏ်ယူဖွယ်ရာ ဖော်ပြလျက်ရှိပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခံခဲ့ရမှုစနစ်ဆိုးကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း အထင်လွဲမှားကာ လက်နက်ကိုင်အဖွဲ့အသီးသီးပေါ်ပေါက်ခဲ့ရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည်လည်း လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု ဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် စာပေယဉ်ကျေးမှုလုပ်ငန်းများ တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိတွင် ဒေသဦးစီးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်း ရေးနှင့်ဖွံ့ဖြိုးမှု ရလဒ်အသီးအပွင့်များကို ခံစားနေသည်ကို ဝမ်းမြောက်ဝမ်းသာစွာ မြင်တွေ့ရပါကြောင်း၊ ယင်းအေခြေ အနေကို ညီနောင်ဘွားအားလုံးက ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး ပြည်ထောင်စုကြီး တိုးတက်သာယာဝပြောစေရန် ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဖြင့် ဖော်ပြပါရှိသည်။
.
၁၉၄၈ ခုနှစ်၊ မတ်လက မွန်ပြည် နယ်၊ သထုံမြို့နယ်၊ ရေကျော်ဘုန်း တော်ကြီးကျောင်းဝင်းတွင် ကျင်းပခဲ့ သည့် ပအိုဝ်း လူထုအစည်းအဝေး ဆုံးဖြတ်ချက်အရ သထုံမြို့ရှိ ရွှေစာ ရံစေတီတော်၏ မူလ ဒါယကာဖြစ် သည့် သထုံပြည့်ရှင် ပအိုဝ်းမင်း သူ ရိယစန္ဒာ၏ မွေးနေ့ဖြစ်သော တ ပေါင်းလပြည့်နေ့တိုင်းကို ပအိုဝ်းအ မျိုးသားနေ့အဖြစ် သတ်မှတ်၍ ၁၉၄၉ ခုနှစ်မှ စတင်ကျင်းပပြုလုပ် ခဲ့ကာ ယခုနှစ်မှာ ၇၁ နှစ်မြောက် ပ အိုဝ်းအမျိုးသားနေ့ ဖြစ်ကြောင်း သိ ရသည်။
.
ယခုနှစ် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် မတ်လ ၄ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲတော်အတွင်း ပအိုဝ်းရိုးရာ ယဉ်ကျေးမှု အဆို အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး တပေါင်းလပြည့်နေ့ မတ်လ ၈ ရက်တွင် ရိုးရာ အလှူပဒေသာများဖြင့် လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)