နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိ ပင်လောင်းဟော်နန်းအား ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ လိုလား - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, March 4, 2020

နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိ ပင်လောင်းဟော်နန်းအား ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ လိုလား

နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၊ အရှေ့ရပ်ကွက်ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ပင်လောင်းဟော်နန်းမှာ ပျက်စီး ယိုယွင်းနေသဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းပေးရန် ဒေသခံများမှ လိုလား လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ဟော်နန်းအဆောက်အဦမှာ နှစ်ပေါင်း ၁၂၀ ကျော်ရှိပြီ ဖြစ်ကာ လေဒဏ်မိုးဒဏ် ခံရမှုကြောင့် ယိုင်နဲ့ကာ ၂၀၁၆ ခုနှစ် မေလက လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ အနောက်ဘက်ခြမ်း တစ်ခုလုံး ပြိုကျ ပျက်စီးခဲ့ပြီး ယခုထက်တိုင် ပြုပြင်မွမ်းမံမှု မရှိသေးကြောင်း သိရသည်။
.
“ကျွန်တော့် အနေနဲ့ အဲဒီဟော်နန်းကို နိုင်ငံတော်အစိုးရ ဖြစ်ဖြစ် ပြည်နယ်အစိုးရက ဖြစ်ဖြစ် တာဝန် ရှိသူတွေ လာကြည့်စေချင်ပါတယ်။ သမိုင်းဝင် နေရာ ဖြစ်နေလို့ပါ။ ဟော်နန်းကို ပြန်လည်ပြုပြင်ပြီး ထိန်းသိမ်းသင့်ပါတယ်”ဟု ပင်လောင်းဒေသခံ Shan Youths Organization မှ စိုင်းဆိုင်မှိုင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ပင်လောင်းမြို့ ခရီးစဉ်တွင် ပင်လောင်း ဟော်နန်းဟောင်းအား မွမ်းမံ ပြင်ဆင်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားမည်ဟု ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
.
အဆိုပါ ပင်လောင်းဟော်နန်းမှာ အလျားပေ ၁၂၀၊ အနံ ၇၀ ပေခန့်ရှိ နှစ်ထပ် အဆောက်အဦ ဖြစ်ပြီး သစ်သားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ ယနေ့တိုင် ပင်လောင်းစော်ဘွား၏ အမွေခံသားသမီးများ နေထိုင်လျက်ရှိကြောင်း သိရသည်။
.
ပင်လောင်းနယ်သည် ရှမ်းစော်ဘွား နယ်မြေ ၃၄ ခုအနက် တစ်ခု အပါအဝင် ဖြစ်ပြီး လက်ရှိ ယိုယွင်း ပျက်စီးနေသော ဟော်နန်းတွင် ပင်လောင်းစော်ဘွား နောက်ဆုံးမင်းဆက်ဖြစ်သော စော်ဘွားကြီး စဝ်မိုးကျော် နေထိုင်ခဲ့သည့် ဟော်နန်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)