ဒေါ်လာဈေးနှုန်းများ ကျဆင်းနေမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်း စံချိန်တင် ကျဆင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေါ်လာဈေးနှုန်းများ ကျဆင်းနေမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်း စံချိန်တင် ကျဆင်း


စုလှိုင်
.
ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့ပွား နေသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ CO-VID-19 ကြောင့် ကမ္ဘာ့ဒေါ်လာ စျေး နှုန်းများ ကျဆင်းလာလျက်ရှိရာ ပြည် တွင်းစက်သုံးဆီ စျေးနှုန်းများ ၂၀၂၀ ပြည့်နှစ် မတ်လ တတိယပတ်တွင် စံချိန်တင် ကျဆင်းလျက်ရှိကြောင်း သိရသည်။
.
 
.
“လက်ရှိ စက်သုံးဆီဆိုင်မှာ တာဝန်ထမ်းဆောင်နေတာ ၂ နှစ် လောက်ရှိပါပြီ။ ဒီလိုမျိုး စျေးနှုန်းကျ တာ တစ်ခါမှ မတွေ့ဖူးပါဘူး။ အခု လောလောဆယ် ကမ္ဘာမှာ ဖြစ်ပွား နေတဲ့ COVID-19 ကြောင့် နိုင်ငံပေါင်း စုံက သွားလာတာတွေပိတ်လိုက် တယ်။ ကုန်စည်စီးဆင်းမှု ရပ်တန့် သွားတယ်။ အဲဒါကြောင့် ဒေါ်လာ စျေးတွေကျ၊ ရေနံစျေးတွေ ကျသွား တယ်လို့ ထင်ပါတယ် ဟု တောင် ကြီးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခုမှ မန်နေဂျာက ပြောသည်။
.
ယင်းကဲ့သို့ စက်သုံးဆီစျေးနှုန်း များ ကျဆင်းနေသဖြင့် သုံးစွဲသူ ပြည် သူများအတွက် အဆင်ပြေသော် လည်း စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများဘက်မှ ကြည့်ပါက ယခင် စျေးနှုန်းဖြင့် ဝယ်ယူထားရသော စက် သုံးဆီများကို အချိန်နှင့် တစ်ပြေးညီ ကျစျေးအတိုင်း လိုက်ရောင်းရသဖြင့် အမြတ် နည်းသွားနိုင်ကြောင်း ၎င်း က ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ အခြား စက်သုံးဆီ အ ရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက လည်း “ဓါတ်ဆီစျေး ကျသွားတော့ ပြည်သူလူထုက ပိုဝယ်တယ်။ အရင် တုန်းက စျေးများတော့ ခြိုးခြံချွေတာ ကြတာပေါ့။ ဝယ်လိုအား မြင့်သွား တဲ့သဘောပါ။ အခုဆိုရင် တစ်လီ တာကို ၅၀၀ ကျော်ပဲ ပေးရတော့ ရေသန့်ဘူးဖိုးလောက်ပဲ ရှိပါတော့ တယ် ဟု ပြောဆိုခဲ့သည်။
.
မတ်လ ၂၂ ရက်ညနေပိုင်းအ ထိ တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဓါတ်ဆီ 92 တစ်လီတာ လျှင် ၅၆၀ ကျပ်၊ ဓါတ် ဆီ 95 တစ်လီတာလျှင် ၇၂၀ ကျပ်၊ ဒီဇယ် ရိုးရိုးတစ်လီတာလျှင် ၆၁၂ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၃၅ ကျပ် ပေါက်စျေးရှိနေပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ပေါက်စျေး များနှင့် နှိုင်းယှဉ်ပါက တစ်မျိုးလျှင် ကျပ် ၄၀၀ ခန့်စီ ထက်ဝက်နီးပါး စျေးနှုန်းများ ကျဆင်းလာခြင်းဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats