ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရေးအတွက် ပင်းတယ တပေါင်းပွဲတော် ဖျက်သိမ်း - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 5, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရေးအတွက် ပင်းတယ တပေါင်းပွဲတော် ဖျက်သိမ်း


မင်းဇော်မင်း
.
ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မရှိစေရေးအတွက် ပင်းတယ ရွှေဥမင် ဗုဒ္ဓပူဇနိယ တပေါင်းပွဲကို ဖျက်သိမ်းလိုက်ကြောင်း ပင်းတယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံက သိရသည်။
.

.
“ရှမ်းအစိုးရကလည်း ညွှန်ကြားစာ ထုတ်လာတယ်။ အားလုံးတိုင်ပင်ပြီး ပွဲတော်က ရွှေ့ဆိုင်းလို့လည်း မရတော့ ဖျက်သိမ်းလိုက်တာပါ။ ဆိုင်ခန်းခတွေလည်း ပြန်ထုတ်ပေးနေပါပြီ” ဟု ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပင်းတယရွှေဥမင် ဘုရားပွဲတော်မှာ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
.
ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-19  စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံမှသည် တောင်ကိုရိးယား၊ စင်္ကာပူ၊ အီရန်နိုင်ငံတို့၌ အရှိန်အဟုန်ဖြင့် ရောဂါကူးစက်ပြန့်ပွားနေသဖြင့် နိုင်ငံအတွင်းကူးစက်ပြန့်ပွားခြင်းမရှိစေရန် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အထူးအားဖြည့်ဆောင်ရွက်နေသဖြင့် ယခုကာလအတွင်း ပွဲလမ်းသဘင်နှင့်လူစုလူဝေး များကို တတ်နိုင်သမျှရှောင်ရှားကြရန်နှင့် မဖြစ်မနေကျင်းပရမည်ဆိုပါက လူအရေအတွက် နည်းနိုင်သမျှ နည်းပါးစေရန်၊ ဖျားနာသူနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ မတက်ရောက်စေရေး၊ အစီအမံများ တင်းကြပ်စွာ ပြုလုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
ယင်းကဲ့သို့ ပင်းတယတပေါင်းပွဲတော် ကျင်းပနိုင်ခြင်းမရှိသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မိုင်းကိုင်ဘုရားပွဲကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
.
“မိုင်းကိုင်ဘုရားပွဲကတော့ လုပ်တယ်။ တပေါင်းလပြည့်နေ့အထိ ၅ ရက် လုပ်မယ်။ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ပေမဲ့ မပြည့်ပါဘူး” ဟု မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက ပြောသည်။
.
မိုင်းကိုင်ဘုရားပွဲတော်မှာ ဆိုင်ခန်းခများ ပြန်အမ်းရန် ခက်ခဲမည့်အပြင် နတ်များကိုလည်း ပင့်လျှောက်ပြီး ဖြစ်ကာ ဒေသခံများမှလည်း ရိုးရာပွဲတော်တစ်ခုကို ကျင်းပရန် ဆန္ဒရှိကြသဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ထို့အတူ ပအိုဝ်းအမျိုးသားနေ့ပွဲတော်နှင့် ဟိုပုံးမြို့ရှိ ထမ်းဆန်းရွှေတိဂုံစေတီတော်တွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ အိုးစည်တစ်ထောင်ပွဲတော်ကိုလည်း မကြာမီရက်ပိုင်းအတွင်း ကျင်းပသွားရန်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)