ပင်းတယတွင် အမှိုက် မီးရှို့စက် ဆောက်လုပ်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

ပင်းတယတွင် အမှိုက် မီးရှို့စက် ဆောက်လုပ်မည်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတ ယမြို့နယ်တွင် အမှိုက်များကို စည်း ကမ်းတကျ စွန့်ပစ်နိုင်ရန်အတွက် အမှိုက်မီးရှို့စက် ဆောက်လုပ်သွား မည် ဖြစ်ကြောင်း သိရသည်။
.
 
.
အဆိုပါ အမှိုက် မီးရှို့စက် ဆောက်လုပ်မည့် မြေနေရာကို ပြီးခဲ့ သည့် မတ်လ ၂ ရက်က ရှမ်းပြည် နယ် မဲဆန္ဒနယ်အမှတ် (၈)မှ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဒေါ် မမလေး၊ ကလောမြို့နယ် မဲဆန္ဒ နယ်အမှတ် (၂)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန်းထိုက် နှင့် ကလော/ပင်းတယမြို့နယ်များရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
“မီးအိမ်ရှင်ဆရာကြီး ဒေါက် တာ သန်းမင်းထွဋ်က အမှိုက် မီးရှို့ စက်ကို MRTV-4 မှာ အလှူခံထား တယ်။ မြေနေရာအတည်တကျရရင် လှူပေးမယ်လို့ ပြောထားတယ်။ မြေ နေရာ သတ်မှတ်ပြီးရင် အလှူရှင် တွေဆီ တင်ပြ ရမှာပေါ့” ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ် မမလေးက ပြောသည်။
.
အဆိုပါ အမှိုက်မီးရှို့စက် ဆောက်လုပ်ရန် မြေနေရာ ရရှိပြီးပါ က စည်ပင်သာယာရေးဌာနနှင့် အ ဆင့်ဆင့် တင်ပြခွင့်ပြုချက် တောင်း ခံပြီး ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။
.
“အမှိုက်နဲ့ ပတ်သက်လာရင် လွှတ်တော်မှာလည်း ဆွေးနွေးနေရ တာရှိတယ်။ နိုင်ငံခြားက ချေးငွေတွေ တောင်းပြီး ရန်ကုန်မှာ အမှိုက်ပုံတွေ လုပ်နေရတယ်။ အမှိုက်ဆိုတာ မြို့ ကြီးတွေမှ မဟုတ်ဘူး၊ မြို့တိုင်း၊ ရွာ တိုင်း ရှိတယ်။ စွန့်ပစ်တဲ့အမှိုက်ကို စည်းကမ်းတကျနဲ့ စွန့်ပစ်နိုင်ဖို့က ကျန်းမာရေးအတွက်လည်း အရေး ကြီးတယ်။ ပြည်သူတွေ ထိခိုက်မှု မရှိအောင် စည်းကမ်းတကျ စွန့်ပစ် တဲ့မြေနေရာလေး ရှိမယ် ဆိုရင် ကောင်းတာပေါ့” ဟု ၎င်းက ဆက် လက် ပြောဆိုခဲ့သည်။
.
အမှိုက်မီးရှို့စက် တည်ဆောက် နိုင်ရန်အတွက် ပင်းတယမြို့နယ်၊ ထိုးပုံကျေးရွာအရှေ့ဘက် ၂ မိုင်ခွဲ ခန့်ရှိ ပင်းတယ၊ ကလောနယ်စပ်နေ ရာတွင် လျာထားပြီး မြေနေရာ ၁၀ ဧကခန့် လိုအပ်မည် ဖြစ်ကာ ယင်း နေရာသည် မြေလွတ်မြေရိုင်း ဖြစ် သည့်အတွက် အသုံးပြုခွင့် ရရှိရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တောင်း ခံသွားမည်ဖြစ်ကြောင်း သိရသည်။
.
ပင်းတယမြို့နယ်တွင် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ် စု၊ အိမ်ခြေ ၁၈၈၉၄ အိမ်၊ အိမ်ထောင် စု ၁၈၉၁၀ စု၊ လူဦးရေ စုစုပေါင်း ၈၃၆၇၇ ဦးရှိပြီး မြို့သန့်ရှင်းသာ ယာလှပရေး လုပ်ငန်းအတွက် စည် ပင်သာယာရေးဌာနမှ ယာဉ် ၂ စီး ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များ အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)