ပင်းတယတွင် ရွှေဥမင်ဘုရားပွဲတော် ပြန်ကျင်းပမည် ဟူသောသတင်းမှာ မဟုတ်မှန် ဟုဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Tuesday, March 10, 2020

ပင်းတယတွင် ရွှေဥမင်ဘုရားပွဲတော် ပြန်ကျင်းပမည် ဟူသောသတင်းမှာ မဟုတ်မှန် ဟုဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ရွှေဥမင်ဘုရားပွဲ ပြန်လည်ကျင်းပမည် ဟူသော သတင်းများ လူမှုကွန်ရက်တွင် ပြန့်နှံ့လျက်ရှိရာ အဆိုပါသတင်းမှာ မှန်ကန်မှု မရှိကြောင်း ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ယနေ့ မတ်လ ၁၀ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
 
.
“မနေ့ကတည်းက ရပ်စောက်ဘက် ကောင်းဘို့ဈေး ပိတ်တယ်ဆိုပြီး သတင်းတွေတက်လာတယ်။ ရွှေဥမင်ဘုရားပွဲကို ဘယ်နေ့မှာ ပြန်ကျင်းပမယ်ဆိုပြီး တက်လာတာတွေ မဟုတ်ပါဘူး။ ဈေးပိတ်တာလည်း မဟုတ်သလို ပွဲတော်လည်း ပြန်မကျင်းပဖြစ်ပါဘူး” ဟု ဦးနေမျိုးဇော်က ပြောသည်။
.
ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား လာမည့် မတ်လ ၁၆ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်ပြီး ပင်းတယမြို့မဈေးနှင့် ရပ်စောက်မြို့နယ်ရှိ ကောင်းဘို့ဈေးတို့ကို တစ်လတိတိ ပိတ်ထားမည်ဟူသော သတင်းများ လူမှုကွန်ရက်တွင် ပြန့်နှံ့နေခြင်းနှင့် ပတ်သက်၍ ကောလာဟလသတင်းများသာဖြစ်သဖြင့် မယုံကြည် ကြစေလိုကြောင်း ၎င်းက ပြောသည်။
.
“ဒီမှာက တစ်ရွာတစ်ဈေးလို ရှိကြတယ်။ ကျုံးဈေး၊ ပွေးလှဈေး စသဖြင့်ပေါ့။ ကောလာဟလတွေကြောင့် ကုန်ဈေးနှုန်း ကြီးလာနိုင်သလို လူတွေလည်း အကြောက်တရားကြောင့် ခက်ခဲကုန်နိုင်တယ်။ ဒါကြောင့် ကောလာဟာလတွေ၊ သတင်းအတုတွေကို မယုံကြည်ကြဖို့ သက်ဆိုင်ရာတွေကို ဆက်သွယ်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပင်းတယမြို့နယ်၊ ငှက်ပျောတောကျေးရွာနေ ဦးကြည်စိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနှင့် ရွာငံမြို့နယ်များရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား၊ ပုန်းတလုတ်ကန်၊ မိန်းမရဲတောင် စသည့် နေရာများမှာ ထင်ရှားပြီး ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အများ အပြား လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)