ပင်းတယရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရားတွင် COVID19 ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်နေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, March 8, 2020

ပင်းတယရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရားတွင် COVID19 ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်နေ ဟုဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား များသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများအတွက် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်များကို မတ်လ ၇ ရက်မှ စတင်လုပ်ဆောင်ပေးလျက်ရှိကြောင်း ပင်းတယ မြို့နယ်အုပ်ချုပ်ရေးမှူးထံက သိရသည်။
.
.
“ဘုရားပွဲတော် ဖျက်လိုက်တော့လည်း မပြတ်စည်ကားနေတဲ့ ဘုရားဖူးလာ ဧည့်သည်တွေကို ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုမရှိအောင် ကျန်းမာရေးဌာန၊ အလှူရှင်တွေနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းလည်း မြို့ဝင်/မြို့ထွက်နေရာတွေမှာပါ ရောဂါရှာဖွေရေး အစီအစဉ်တွေ လုပ်ဆောင်သွားဖို့ ရှိပါမယ်” ဟု ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုအနေဖြင့် လူအများကိုင်တွယ်သည့် လှေကားလက်ရမ်း စသည့်နေရာများတွင် ပိုးသတ်ဆေးများ ဖြန်းပက်ခြင်း၊ နှာခေါင်းစည်း (Mask) များ စနစ်တကျ တတ်ဆင်ပုံနှင့် အပူချိန်တိုင်းစက် အသုံးပြုပုံတို့ကို ဘုရားဂေါပကအဖွဲ့နှင့် ဝန်ထမ်းများအား ကျန်းမာရေးဌာနမှ လက်တွေ့ရှင်းလင်းပြသခဲ့သည်ဟု သိရသည်။
.
ထို့အတူ ပင်းတယမြို့နယ်ရှိ MRTV-4 မြို့နယ်တာဝန်ခံကလည်း ကိုယ်အပူချိန်တိုင်းစက် ၂ ခု၊ နှာခေါင်းစည်း၊ ပိုးသတ်ဆေးရည်များကို ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့မှလည်း ဘုရားဖူးလာ ဧည့်သည်များအား ကိုယ်အပူချိန် တိုင်းတာစမ်းသပ်ပေးခြင်း၊ ဘုရားဖူးလာ ပြည်သူအများစု လက်ဖြင့် ကိုင်တွယ်တတ်သည့် ချွေးထွက် တော်ဘုရား ရုပ်ပွားတော် ၂ ဆူနှင့် ကျောက်စက်ပန်းဆွဲများကို ကိုင်တွယ်ခြင်းမပြုရန် သတိပေးတားမြစ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလတွင် ကျင်းပမြဲဖြစ်ရာ ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသည့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်မှု မရှိစေရေးအတွက် ပွဲတော်အား ဖျက်သိမ်းခဲ့သော်လည်း ဘုရားဖူးလာဧည့်သည်များမှာ စည်ကားနေမြဲ ဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)