၇၁ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်တွင် ကိုရိုနာနှင့် ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေး ကြေညာ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 6, 2020

၇၁ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်တွင် ကိုရိုနာနှင့် ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေး ကြေညာ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၇၁ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့် ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေး ကြေညာပေးလျက်ရှိ ကြောင်း သိရသည်။
.
.
"ကျန်းမာရေး ဆေးခန်းတွေ ထားပေးထားတယ်။ ပညာပေးလက်ကမ်းစာစောင်တွေ ဝေမယ်။ ပွဲခင်းထဲမှာ လိုက်လံကြေညာမယ်။ လူစုလူဝေးတွေ ပွဲလမ်းသဘင်တွေ ရှောင်ကြဉ်ဖို့ ပြောချင်တယ်" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ၇၁ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် မတ်လ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
.
ပအိုဝ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်မှု ပိုမိုရရှိရေး၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေများကို ထိန်းသိမ်းကာကွယ် ရေးနှင့် ဖော်ထုတ်ရေးအတွက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပြီး ပအိုဝ်းရိုးရာ ယဉ်ကျေးမှု အဆိုအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
.
ပအိုဝ်းအမျိုးသားနေ့ကို မတ်လ ၄ ရက်မှ ၈ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး တပေါင်းလပြည့်နေ့တွင် ရိုးရာ အလှူပဒေသာများဖြင့် လှည့်လည်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပအိုဝ်းတိုင်းရင်းသား၊တိုင်းရင်သူများသည် သူရိယစန္ဒာမင်း မွေးဖွားသော တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မရှိစေရေးအတွက် လတ်တလောတွင် လူစုလူဝေးနှင့် ပွဲလမ်းသဘင် များကို ဖျက်သိမ်းရန်နှင့် တတ်နိုင်သမျှ ရှောင်ရှားသွားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အကြောင်းကြားစာ  ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)