စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင်
မတ်လ ၁၅ ရက်က မိုင်းတုံမြို့မ အားကစားကွင်း သံပန်းတံခါး တပ်ဆင်မှုနှင့် ပတ်သက်၍ အားကာ
ဝန်ထမ်းနှင့် ရပ်ကွက် အုပ်ချူပ်ရေးမှူးတို့ ခိုက်ရန် ဖြစ်ပွားခဲ့ကာ အပြန်အလှန် အမှု
ဖွင့်ထားကြောင်း သိရသည်။
.
ခိုက်ရန် ဖြစ်ပွားခဲ့သူများမှာ မိုင်းတုံ
မြို့မ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးစိုင်းလှဝင်းနှင့် မြို့နယ် အားကစားနှင့် ကာယပညာ
ဦးစီးဌာနမှ နည်းစနစ်မှူး ဦးအောင်ကိုကို တို့ ဖြစ်ပြီး အားကစားကွင်း၌ သံပန်းတံခါး တပ်ဆင်ခြင်း
ပြုလုပ်ရာမှ နှစ်ဘက် အပြန်အလှန် စကား များပြီးနောက် ဦးအောင်ကိုကိုက ဦးစိုင်းလှဝင်းအား
လက်သီးဖြင့် ထိုးခဲ့သဖြင့် ဦးစိုင်းလှဝင်း၏
အပေါ် နှုတ်ခမ်းအတွင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ အပေါ်သွား ၁ ချောင်းနဲ့ ဒဏ်ရာ
၁ ချက်၊ ဝဲ/ယာပါး ဖူးယောင်ဒဏ်ရာ၊ ဝဲနားရွက်နောက် ဖူးရောင် ပွန်းပဲ့ ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖျံ
ပွန်းပဲ့ ဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ရပ်ကွက်အုပ်ချူပ်ရေးမှူးအား
မြို့နယ် အားကစားကွင်း အတွင်း ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် လူ့အများ ရှေ့၌ ဂုဏ်သိက္ခာ
ကျဆင်းအောင် ပြောဆို၍ လက်သီးဖြင့် ထိုးသူ ဦးအောင်ကိုကိုအား အရေးယူပေးရန် ဦးစိုင်းလှဝင်းမှ
မိုင်းတုံ မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ (ပ) ၈/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၃/
၃၂၅/ ၅၀၀ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည် ။
.
ထို့အတူ ဦးအောင်ကိုကိုကလည်း တာဝန် ဝတ္တရား
နှောင့်ယှက်ခြင်းနှင့် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုကာ ဦးစိုင်းလှဝင်းအား အရေးယူပေးရန်
တိုင်ကြားခဲ့သဖြင့် မိုင်းတုံမြို့ မရဲစခန်းမှ (ပ)၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄/
၃၅၃/ ၅၀၆ တို့ဖြင့် ဦးစိုင်းလှဝင်းအား အမှုဖွင့် ထားကြောင်း သိရသည်။