.
စက်သုံးဆီဆိုင်မှာ ၂ နှစ်တာကျော်ကြာ တာဝန် ထမ်းဆောင်နေတဲ့ မန်နေဂျာ တစ်ဦးကတော့ ဒီလိုမျိုး ဈေးနှုန်းကျတာကို တစ်ခါ မှ မတွေ့ဖူးကြောင်းနဲ့ COVID-19 ကြောင့် နိုင်ငံပေါင်းစုံက သွားလာတာတွေ ပိတ်လိုက်လို့ ကုန်စည် စီးဆင်းမှု ရပ်တန့်သွားတာကြောင့် ဒေါ်လာဈေးတွေကျ၊ ရေနံဈေးတွေ ကျသွားတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
.
အဲဒီလို စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် သုံးစွဲသူ ပြည်သူတွေအတွက် အဆင်ပြေပေမဲ့လည်း စီး ပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ ဘက်ကနေ ကြည့်ရင် အရင် ဈေးနှုန်းနဲ့ ဝယ်ယူထားရတဲ့ စက်သုံးဆီတွေကို အချိန်နဲ့ တစ်ပြေးညီ ကျဈေးအတိုင်း လိုက်ရောင်းရတာတွေကြောင့် အမြတ် နည်းသွားနိုင်တယ်လို့ အရောင်းမန်နေဂျာက ပြောဆိုခဲ့ပါတယ်။
.
ဓါတ်ဆီဈေး ကျသွားတဲ့အတွက် ဝယ်လိုအား မြင့်တက်နေပြီး တစ်လီတာကို ၅၀၀ ကျော်ပဲ ပေးရတဲ့အတွက် ရေသန့်ဘူးဖိုးလောက်ပဲ ရှိတော့တယ်လို့ အရောင်းဝန်ထမ်း တစ်ဦးက ပြောပါတယ်။
.
တောင်ကြီးမြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဓါတ်ဆီ 92 တစ်လီတာ ကို ၅၁၅ ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာကို ၆၇၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာကို ၅၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၆၂၀ ကျပ် ပေါက်ဈေးရှိနေပြီး ဇန်နဝါရီလ အတွင်းက ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ကျပ် ၄၀၀ လောက်ထိ ထက်ဝက်နီးပါး ဈေးနှုန်းတွေ ကျဆင်းလာတာ ဖြစ်ပါတယ်။