စုလှိုင်
.
ရှမ်းပြည်နယ်
တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အတွင်းရှိ ကျေးရွာ ၁၈ ရွာရှိ နေရာ ၂၀
မှ ရေ နမူနာများကို မတ်လ ၈ ရက်က နမူနာ ခပ်ယူပြီး ဓါတ်ခွဲ စမ်းသပ်ရာ၌ လူ့အညစ်အကြေး
များတွင် ပါဝင်သော ဘက်တီးရီး ယားများ တွေ့ရှိနေရသည်ဟု သိရ သည်။
.
.
အင်းလေးကန်
အုပ်ချုပ်ရေး၊ ဖွံ့ ဖြိုးရေးနှင့် ထိန်းသိမ်းရေး စီမံကိန်း (MIID) အဖွဲ့မှ ဦးဆောင်ပြုလုပ် သည့် လူငယ်သံတမန်
အစီအစဉ် အရ အင်းလေးကန် ရေအရည်အ သွေးတိုင်တာရန် အမှုန့်ကို စင်္ကာပူ နိုင်ငံမှ
မှာယူပြီး တိုင်းတာခဲ့ရာရေ နမူနာအားလုံး၌ E.Coli ဘက်တီး ရီးယား ပါဝင်နေကြောင်း တွေ့ရှိခဲ့ရ သဖြင့်
အင်းလေးကန်ရေ ညစ်ညမ်း မှုရှိနေသည်ဟု ကောက်ချက်ချနိုင် ကြောင်း MIID-Inle မှ Programn Officier မဆုမြတ်မြင့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
“ရွာကြီးတဲ့ ဟာဆိုရင်
နမူနာ ၂ ခု ယူတယ်။ လှေတွေ သွားတဲ့နေရာ မျိုးမှာ ယူတာမဟုတ်ဘူး။ မျက်နှာ သစ်သွား
တိုက်တဲ့နေရာ၊ ထမင်းဟင်း ချက်ဖို့ ရေသုံးတာထက် အိုးခွက်ပန်း ကန်ဆေးတဲ့
နေရာမျိုးတွေက ရေကို ယူပြီး စမ်းသပ်တယ်။ တချို့ရွာက ရေကကြည်တယ်။ တချို့ကနည်း
နည်းနောက်တယ်”ဟု မဆုမြတ်မြင့် လွင်က ပြောသည်။
.
အဆိုပါ
လူငယ်သံတမန်များ သည် အင်းလေးကန် အတွင်းရှိ ညောင်ရွှေ၊ ခေါင်တိုင်၊ လင်းကင်း၊
ကြေးစားကုန်း၊ မင်းချောင်း၊ သံပုရာ ပင်၊ ပြာပင်၊ တောင်ဘို့ကြီး၊ ငဖယ် ချောင်း၊
ကေလာ၊ ရွာမ၊ ဖောင်တော် ဦး၊ အင်းပေါခုန်၊ နန်းပန်၊ ညောင်ဝန်း၊ သလဲဦး၊ မိုင်းသောက်၊
မြောင်းဝကြီး စသည့် ဒေသ ၁၈ ခုမှ ရေနမူနာ ၂၀ တို့ကို ကောက်ယူစစ်ဆေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“အင်းလေးကန်
လူငယ်သံတ မန် လုပ်ဆောင်ချက်အနေနဲ့ သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကမ်းပိန်းတွေ
လုပ်နေတယ်။ နောက် ပြီး အင်းလေးကန်အတွင်းမှာရှိတဲ့ ရေတွေကို အသေးစား သုတေသန
လုပ်ခဲ့တာရှိတယ်။ ရေအရည်အ သွေး တိုင်းတာတာတွေ၊ ရေအနက် တိုင်းတာတာတွေ လုပ်ခဲ့ပါတယ်”
ဟု မဆုမြတ်မြင့်လွင်က ဆက်လက် ပြောဆိုခဲ့သည်။
.
အင်းလေးကန်ထိန်းသိမ်းရေး
လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အ တွက် အင်းလေးကန်အတွင်း နေ ထိုင်သော
ဒေသခံလူငယ်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ နိုဝင်လဘာလ ၆ ရက်အထိ
လူငယ်သံတမန်သင်တန်း ဖွင့်လှစ် သင်ကြားပေးပြီး လုပ်ငန်းများ
ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိ ရသည်။
.
အဆိုပါ
လူငယ်သံတမန်များမှ အင်းလေးကန် ရေညစ်ညမ်းမှုနှင့် ပတ်သက်၍ ဒေသခံများ သိရှိစေရန်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိ ပညာပေးမှုများ၊ ဂိမ်းအစီအစဉ်များ ဖြင့်
ရှင်းလင်းပြောဆိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
"သုတေသန
အသေးစားလုပ် တဲ့အထဲမှာလည်း ရွာတွေမှာ သွား မေးတော့ လူတော်တော်များများက အင်းထဲ
ရေတွေကို မသောက်ကြ တော့ဘူး။ ဒါပေမဲ့ အိုးခွက်ပန်းကန် ဆေးတဲ့
နေရာမျိုးတွေမှာသုံးတယ်။ သွားတိုက်သလိုမျိုး ပါးစပ်ထဲကို မျိုချလိုက်တာမျိုး
မဟုတ်ဘူး ခန္ဓာ ကိုယ်အတွင်းပိုင်း ထိရောက်နိုင်တဲ့ ပုံစံမျိုး တွေနဲ့ တွေ့ရတယ်။
ဒီရေကို သုံးတဲ့အခါမှာ သတိထားပြီးသုံးဖို့၊ ကျိုချက်ပြီး သုံးဖို့လိုတယ် ဆိုတာ
မျိုးကို အသိပညာပေးသွားမှာ ဖြစ် ပါတယ်” မဆုမြတ်မြင့်လွင်က ပြော သည်။
.
အင်းလေးကန်သည် ညောင်
ရွှေမြို့အနီးတွင် တည်ရှိပြီး တောင် နှင့် မြောက် တန်းလျက် ရှိသော တောင်တန်းကြီး ၂
ခုကြားတွင် ခွက် ဝင်နေသော ညောင်ရွှေ ချိုင့်ဝှမ်း ကြီး၏ အလယ် အနက်ရှိုင်းဆုံးအ
ပိုင်း၌ တည်ရှိပြီး အင်းလေးကန် ဒေ သအတွင်း ကျေးရွာ ၄၄၅ ရွာ ရှိကာ နေထိုင်သူ ၁၉၀၀၀၀
ကျော် ရှိနေ ကြောင်း သိရသည်။
.