ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ် နောင်တရားမြို့ အထကကျောင်းရှိ ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌
မတ်လ ၃၀ ရက်၊ ညနေပိုင်းအထိ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူ ၃၉ ဦး ရှိလာနေပြီဖြစ်ပြီး
၎င်းတို့၏ ကျန်းမာရေးအခြေများကို Quarantine ၁၄ ရက်စောင့်ကြည့်လျက်ရှိသည် ဟု သိရသည်။
.
.
အဆိုပါ ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက
COVID-19 ရောဂါ ဖြစ်ပွားမှုမရှိ စေရေးအတွက် ကျောင်း၊ လမ်းများတွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို
ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
နောင်တရားတွင် COVID-19 ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို
ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံလူထုများက
အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်များဖြင့်
COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးဆော်သြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တစ်ခုလုံးတွင် မတ်လ ၃၀ ရက်အထိ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ
စုစုပေါင်း ၁၀၅၆၂ ရှိလာနေပြီး ၎င်းတို့အား သက်ဆိုင်ရာ ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာများတွင်
စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
.