မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင် လင်ခရိုင်၊ နမ့်စန်မြို့တွင် ယာဉ်ကြော
ကြပ်တည်းမှုကို ဖြေလျှော့နိုင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းနိုင်ရန်အတွက်
အချိန်ပိုင်း ဖြင့် ယာဉ်မရပ်ရနေရာများ သတ်မှတ် ၍ ပညာပေး ဆောင်ရွက်လျက်ရှိပြီး ပညာပေးကာလ
ကျော်လွန်ပါက အရေးယူ ဆောင်ရွက်သွားရန် ရှိ ကြောင်း နမ့်စန်မြို့နယ် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ
ဦးလှထွေး ထံက သိရသည်။
.
.
“ယာဉ်ကြော ကြပ်တည်းတာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မ လိုက်နာလို့ဆိုပြီး
လူထုက တိုင်ကြား တာတွေနဲ့ မြေပြင်မှာလည်း တကယ်
ပဲဖြစ်နေလို့ အချိန်နဲ့ကန့်သတ်ပြီး ယာဉ်မရပ်ရ နေရာ သတ်မှတ်ရခြင်း ဖြစ်ပါတယ်”ဟု ဦးလှထွေးက
ပြော သည်။
နမ့်စန်မြို့ကို ဖြတ်သန်းသွား သည့် ပြည်ထောင်စု လမ်းမကြီးပေါ် ရှိ
မြို့လယ်မီးပွိုင့်မှ မြို့မစျေးအထိ ကွန်ကရစ်လမ်းတစ်လျှောက်ကို လူ သွားလူလာ များပြားသည့်
နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ မည်သည့် ယာဉ်၊ ဆိုင်ကယ်မျှ ရပ်နားခြင်းမပြု ရန်
သတ်မှတ်ထားခြင်းဖြစ်ပြီး ရဲတပ် ဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ
ပါဝင် သည့် ပူးပေါင်းအဖွဲ့ဖြင့် အသိပညာ ပေး ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
.
ပညာပေးကာလမှာ မတ်လ ၂၅ ရက်အထိ ဖြစ်ပြီး ယင်းနောက်ပိုင်း တွင် ယာဉ်မရပ်နားရန်
သတ်မှတ် ထားသည့် နေရာများ၌ ရပ်နားပါက စည်ပင်သာယာရေး ဥပဒေ၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း
ဥပဒေ တို့ဖြင့် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.