ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ
တည်းခိုခန်းများအား COVID-19 ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့်
မတ်လ ၂၆ ရက်မှ စတင်၍ ယာယီပိတ်ထားလို က်ပြီ ဖြစ်ကြောင်း သိရသည်။
.
" KTV အပါအဝင် လူစုလူဝေး ဖြစ်နိုင်တဲ့နေရာတွေကို COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး
အတွက် ပိတ်ထားပါတယ်။ တည်းခိုခန်းပဲ ပိတ်တာ ဖြစ်ပါတယ်။ ဟိုတယ်တွေတော့ မပိတ်သေးပါဘူး။"ဟု
နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးညီညီအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည် ။
.
" KTV အပါအဝင် လူစုလူဝေး ဖြစ်နိုင်တဲ့နေရာတွေကို
.
ယင်းကဲ့သို့ တည်းခိုခန်းများကို ယာယီ ပိတ်ထားရန်အတွက်
နမ့်စန်မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် တည်းခိုခန်းလုပ်ငန်း ရှင်များ တွေ့ဆုံညှိနှိုင်း၍
သဘောတူညီချက်ဖြင့် ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
"တည်းခိုခန်းမှာ မတည်းရတော့ ဟိုတယ်လို
နေရာမှာ သွားတည်းမယ်ဆိုတဲ့ စျေးနှုန်းကို သာမာန်လူတွေ မတတ်နိုင်ပါဘူး။ လမ်းဘေးမှာပဲ
ဖြစ်သလို အိပ်တာပေါ့ဗျာ"ဟု ခရီးသည်တင် ယာဉ်မောင်း တစ်ဦးက ပြောသည်။
.
နမ့်စန်မြို့သည် ပြည်ထောင်စု လမ်းမပေါ်တွင်
တည်ရှိသည့် လမ်းဆုံမြို့ ဖြစ်ခြင်းကြောင့် ခရီးသည်နှင့် ယာဉ်မျိုးစုံတို့ ခေတ္တ ညအိပ်
တည်းခိုလေ့ ရှိသည့်နေရာ ဖြစ်သည့် အပြင် ဌာနေ ပြည့်သူ့စစ်အဖွဲ့များ ရုံးစိုက်ရာ ရှမ်းပြည်နယ်
တောင်ပိုင်း၏ လောင်းကစား မြို့တော်အဖြစ် ထင်ရှားသည့် မြို့လည်း ဖြစ်သည်။